လောင်းလုံး အောက်ကျောက်ဝပ်ရွာ မီးရှို့ခံနေရ၊ မီးသွားငြှိမ်းသူ အသတ်ခံရဟုဆို
diz_admin
March 4, 2023လောင်းလုံးမြို့နယ် အောက်ကျောပ်ဝပ်ကျေးရွာ မီးရှို့ခံနေရကြောင်း ဒေသခံတစ်ဦးကပြောသည်။ ယနေ့ (မတ် ၄) ၁၁ နာရီခန့်က ရွာထဲမှ မီးခိုးလုံးများထွက်ပေါ်နေသည်ကို တိမ်းရှောင်နေရသည့် တောတောင်ထဲမှ မြင်တွေ့နေရကြောင်း ၎င်းကဆိုသည်။ “သူတို့( စစ်ကောင်စီတပ်) က ရွာပြင်ကနေစပြီး မီးရှို့နေတယ်တဲ့။ မီးသွားသတ်တဲ့သူတွေကိုလည်း ပစ်လို့သေတဲ့သူ သေနေကြတယ်လို့ ကြားရတယ်။ အသေးစိတ်တော့မသိရသေးဘူး။ အဲလောက်ပဲကြားရသေးတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ယနေ့ ၁၂ နာရီဝန်းကျင်က ပြောဆိုသည်။ အောက်ကျောက်ဝပ်ကျေးရွာအနီးဝန်းကျင်းတွင် မတ်လ ၂ ရက် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပျူစောထီး၊ စစ်ကောင်စီပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်းစီဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းနောက် စစ်ကောင်စီတပ်များ ဆုတ်ခွာသွားခဲ့သည်ဟုဆိုသည်။ ယနေ့ (မတ် ၄) မနက်ပိုင်းတွင်မူ စစ်ကောင်စီတပ်ဖွဲ့တို့ အောက်ကျောက်ဝပ်ကျေးရွာသို့ ထပ်မံရောက်ရှိလာပြီး […]


