သရက်ချောင်းတွင် တိမ်းရှောင်နေရသည့် ဒေသခံများနေရပ်ပြန်
diz_admin
March 6, 2023တိုက်ပွဲများကြောင့် မတ်လ ၃ ရက်နေ့တည်းက တိမ်းရှောင်နေရသည့် သရက်ချောင်းမြို့နယ်မှ ဒေသခံများ နေရပ်ပြန်လာကြပြီဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။ ထားဝယ်မှ မြိတ်ဘက်ကိုဆင်းလာသည့် စစ်ကောင်စီတပ်ယာဉ်တန်း သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်း ပိတိုင်ရွာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်မှု၊ ပစ်ခတ်မှုနှင့် စစ်ကောင်စီယာဉ်တန်း သရက်ချောင်းဘက်ကို ဆင်းလာသည်ဆိုသည့် သတင်းများကြောင့် မြိတ်-ထားဝယ်ကားလမ်းဘေးရှိ ပိတိုင်ရွာ၊ ရငဲ၊ ကမြိုင်၊ သိမ်ကုန်း၊ ဝဲရစ်ကျေးရွာမှ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ ရငဲကျေးရွာမှ ဒေသခံများမှာ ရွာလုံးကျွတ်နီးပါးထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဒေသခံအချို့က ပြောသည်။ “ဒီနေ့ မနက်နည်းနည်း အေးပြီဆိုမှ ပြန်လာကြတာ၊ မနေ့ညတည်းကတော့ သတင်းတွေကြားပေမယ့် ဘယ်သူ့မှ မယုံကြဘူးလေ၊ ဒီနေ့ မနက်မှနဲနဲပါးပါး ပြန်လာကြပေါ့နော်၊ တချို့ဆို ပြန်ကိုမလာကြသေးဘူး” ဟုရငဲကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ စစ်ကောင်စီယာဉ်တန်းမှာ ကားအစီးရေ […]


