ဇာဒီရွာတွင် ပျူစောထီးဆိုသူ၏နေအိမ်ပစ်ခတ်ခံရပြီးနောက် ရွာသားသုံးဦးဖမ်းဆီးခံရ
diz_admin
March 12, 2023ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စု သစ်လှတောရပ်ကွက်ရှိ ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ ဦးလားလား၏ နေအိမ် ယနေ့ မတ်လ ၁၂ ရက် နံနက် ၇နာရီဝန်းကျင်တွင် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ “မနက်စောစော အိမ်ကိုလာပစ်ကြတာ။ ဦးလားလားက ထွက်ပြေးသွားတော့ လူတော့မထိဘူး” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။ ဦးလားလားသည် ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လက ကံပေါက်နယ်မြေရဲစခန်းမှ ရေဖြူမြို့သို့ ရုံးချိန်းဆင်းသည့်ကား မိုင်းဆွဲခံရစဉ်က ပါဝင်ခဲ့သူဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ မိုင်းဆွဲတိုက်ခိုက်ခံရစဉ်က ဒဏ်ရာရရှိခဲ့သဖြင့် မောရဝတီ ရေတပ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ဖူးကြောင်း ဆိုသည်။ ၎င်းအား မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။ ဦးလားလားနေအိမ် ပစ်ခတ်ခံရပြီးနောက် ယနေ့ နေ့လယ်ပိုင်းတွင် ဇာဒီကျေးရွာက ကျန်းမာရေးမှူးဟောင်း ဦးအောင်မင်း၊ သစ်လှတောရပ်ကွက်မှ ဒေါ်အောင်မဲနှင့် ၎င်း၏တူတော်စပ်သူ […]


