ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံး ပညစ်ရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေရ၊ ဒေသခံများထွက်ပြေး

diz_admin

March 10, 2023

လောင်းလုံးမြို့နယ်၊ ပညစ်ရွာကို စစ်ကောင်စီတပ်က ကုန်းနှင့် ရေ နှစ်ဘက်စလုံးတို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ပညစ်ရွာသို့ ရုတ်တရက်ရောက်ရှိလာပြီး ယနေ့ မတ်လ ၁ဝရက် နံနက် ၆ နာရီမှ ၉ နာရီအထိ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ “ရုတ်တရက်ဝင်လာပစ်တော့ ကျွန်မတို့လည်း ဘာမှယူလို့မရဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ ထွက်လာရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ တစ်ရွာလုံးနီးပါး ထွက်ပြေးနေရပြီး ရွာထဲပိတ်မိနေသည့် ရွာခံများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအပြင် ရွာထဲတွင် မီးရှို့ခံရမှုများလည်းရှိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “လောလောဆယ် ရွာထဲက မီးခိုးလုံး လေးနေရာလောက်က တက်နေတာတွေ့ရတယ်” ဟု ၎င်းက […]

လောင်းလုံး ကျောက်ဆင်ရွာတွင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

diz_admin

March 9, 2023

လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် ယနေ့ မတ်လ ၉ ရက် ညနေ ၅ နာရီဝန်းကျင်က ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အသက် ၅၀ ကျော်အရွယ်ရှိ ဇနီးမောင်နှံဖြစ်သည့် ကျောက်ဆင်ရွာသား ဦးရခိုင်ဆိုသူနှင့် ဇနီးဖြစ်သူ ဒေါ်လှမူတို့ သေနတ်ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။ “နေအိမ်မှာပဲ ပစ်သတ်ခံလိုက်ရတာ” ဟု ၎င်းက ဆိုသည်။ အဆိုပါဇနီးမောင်နှံကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ အဆိုပါဇနီးမောင်နှံ၏ ရုပ်အလောင်းမှာ ယနေ့ ည ၈ နာရီ ဝန်းကျင်တွင် အရေးပေါ်ကားဖြင့် ထားဝယ်မြို့ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ကျောက်ဆင်ရွာသားအချို့မှာ မတ်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကရင်ကြီးရွာဖြစ်စဉ်ကြောင့် […]

ကရင်ကြီးရွာ ပျူစောထီးခေါင်းဆောင်နေအိမ်မီးရှို့ခံရ၊ စစ်ကြောင်းဝင်ချိန် ရွာသားအချို့ဖမ်းဆီးခံရ

diz_admin

March 9, 2023

လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာ ပျူစောထီးခေါင်းဆောင်၏ နေအိမ်အပါအဝင် အဖွဲ့ဝင်အချို့၏နေအိမ် သုံးလုံး ယနေ့ မတ်လ ၉ ရက် နံနက်ပိုင်းက မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ ပျူစောထီးခေါင်းဆောင် ဦးလေးလေးဆိုသူ၏ နေအိမ်နှင့် ပျူစောထီးအဖွဲ့အား အကူအညီပေး‌လေ့ရှိသည့် နတ်ဝင်သည် မမာလာဆိုသူ၏ နေအိမ်၊ ပျူစောထီးအဖွဲ့ဝင် ကိုအာကာ၏နေအိမ် စုစုပေါင်း သုံးဆောင်ထက်မနည်း မီးရှို့ခံရကြောင်း ၎င်းတို့က ဆိုသည်။ ကရင်ကြီးရွာရှိ ပျူစောထီးစခန်းကို မတ်လ ၆ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားသည်။ ယင်းနောက် စစ်ကောင်စီတပ် စစ်ကူလာပြီး ရေကြောင်း၊ ကုန်းကြောင်းနှစ်ဖက်ညှပ်ကာ ကရင်ကြီးကျေးရွာ အနီးအနားရှိ တောတောင်များအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်ကြောင်းထိုးခဲ့သည်ဟု ဆိုသည်။ မတ်လ ၈ ရက် ညပိုင်းတွင် စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာသွားကြောင်း […]

ကရင်ကြီးကျေးရွာတွင် နေအိမ်များ မီးရှို့ခံရ

diz_admin

March 8, 2023

လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာတွင် နေအိမ်များ မီးရှို့ခံနေရကြောင်း ‌ဒေသခံအချို့က ပြောသည်။ ယနေ့ မတ်လ ၈ ရက် ညနေ ၄ နာရီအချိန် ဒေသခံအချို့ထံ မေးမြန်းချက်အရ မီးရှို့ခံထားရသည့် နေအိမ် အနည်းဆုံး ခုနစ်လုံး ရှိနိုင်ကြောင်း ပြောဆိုကြသည်။ မတ်လ ၆ ရက် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ကရင်ကြီးရွာရှိ ပျူစောထီးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနေ့က နေအိမ် သုံးလုံး၊ ယနေ့ မတ်လ ၈ ရက် မွန်းတည့်ပိုင်းက နေအိမ် လေးလုံး ထပ်မံမီးရှို့ခံထားရသည်ဟု ကြားသိရကြောင်း ဒေသခံအချို့ကပြောသည်။ ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ယနေ့ မီးရှို့ခံနေရသည့်အခြေအနေ အသေးစိတ်ကို မေးမြန်းနိုင်ခြင်းမရှိသေးပေ။ “တိုက်ပွဲစဖြစ်တဲ့နေ့က (မတ် ၆) မီးရှို့ခံရတာတော့ ဘယ်သူရှို့တယ်ဆိုတာ မသိရဘူး။ ဒီနေ့ […]

ကံပေါက်တွင် ညမထွက်ရအမိန့်အချိန်တိုးသတ်မှတ်

diz_admin

March 8, 2023

ထားဝယ်ခရိုင် ကံပေါက်ဒေသတွင် စစ်ကောင်စီက ညမထွက်ရအမိန့်ကို မတ်လ ၇ ရက်ကစပြီး အချိန်သုံးနာရီ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ ည ၈နာရီမှ နံနက် ၅နာရီသို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့်ကာလဖြစ်သည်ဟုဆိုကာ ညမထွက်ရအမိန့်ကို တိုးမြှင့်သတ်မှတ်ခြင်းဖြစ် သည်ဟု စစ်ကောင်စီတပ်က မတ်လ ၇ ရက်တွင် ကားဖြင့် လိုက်လံကြေညာခဲ့ခြင်းကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအပြင် ဆိုင်ကယ် မစီးရ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလတွင် ပွဲလမ်းသဘင်နှင့် ပျော်ပွဲရွှင်ပွဲများ မလုပ်ရ၊ စပီကာ အသံချဲ့စက်ဖွင့်ကာ ဆူညံသံ မပြုလုပ်ရ၊ လူ ၅ ဦးထက်ပိုမစုရ […]

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ လေးထောင်နီးပါရှိ

diz_admin

March 8, 2023

တနင်္သာရီတိုင်းတွင် ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ လေးထောင်နီးပါး ရှိကြောင်း တနင်္သာရီတိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ စာမေးပွဲဖြေဆိုရန် စာရင်းသွင်းသူ ၄၃၀၃ ဦးရှိသည့်အနက် ယနေ့ မတ်လ ၈ ရက် မြန်မာစာဖြေဆိုသည့်နေ့တွင် ၃၉၀၇ ဦး လာရောက်ဖြေဆိုပြီး ပျက်ကွက်သူ ၃၉၆ ဦးရှိကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူက ပြောသည်။ ခရိုင်အလိုက်အနေဖြင့် ထားဝယ်ခရိုင်တွင် ၆၁၈ ဦး၊ မြိတ်ခရိုင်တွင် ၂၈၅၇ ဦး၊ ကော့သောင်းတွင် ၂၄၂ ဦး၊ ဘုတ်ပြင်းတွင် ၁၉၁ ဦး စုစုပေါင်း ၃၉၀၇ ဦးဝင်ရောက်ဖြေဆိုခြင်းဖြစ်သည်။ “စာစစ်ဌာနအနေနဲ့ကတော့ ၁၉ခုရှိတယ်” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။ ယခုပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းကို စနစ်ဟောင်းဖြင့် စာမေးပွဲစစ်ဆေးခြင်းမှာ နောက်ဆုံးဖြစ်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူးရုံးတာဝန်ရှိသူတစ်ဦးက ‌ရှင်းပြသည်။ ပြီးခဲ့သည့် […]

ရန်ကုန်သို့ အရေးပေါ်ပို့လိုသည့်လူနာများကို ထားဝယ်ခရိုင်ကြက်ခြေနီ ပို့ဆောင်ပေးမည်

diz_admin

March 7, 2023

ထားဝယ်ဒေသမှ အရေးပေါ်ဆေးကုသရန်လိုအပ်သူများ ရန်ကုန်မြို့ရှိ ဆေးရုံများသို့ ပို့ဆောင်လိုပါက အကူအညီတောင်းခံနိုင်ကြောင်း ထားဝယ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီထံမှ သိရသည်။ လူနာ၏ ရောဂါအနေအထားကြောင့် ထားဝယ်မှ ရန်ကုန်သို့ လေယာဉ်ဖြင့်သွားရန် အဆင်မပြေသူများနှင့် ခရီးသည်တင်ကား၊ ကိုယ်ပိုင်ကားစီးရန် အခက်အခဲရှိသူများကို ကြက်ခြေနီတပ်ဖွဲ့က အရေးပေါ်လူနာတင်ကားဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။ ထားဝယ်ခရိုင်ကြက်ခြေနီအနေဖြင့် ရန်ကုန်မြို့သို့ အရေးပေါ်လူနာပို့ဆောင်ခြင်းကို ယခုအပတ်အတွင်း စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး ၀၉၂၆၈၀၈၀၈၁၈ နှင့် ၀၉၇၇၆၁၃၂၂၂၃ ထံ ဆက်သွယ်နိုင်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။ လက်ရှိတွင် ထားဝယ်-ရန်ကုန်ခရီးစဉ်အတွက် ထည့်ဝင်ငွေအဖြစ် ငွေကျပ်ခြောက်သိန်းခွဲ သတ်မှတ်ထားကြောင်း ထားဝယ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ယင်းသို့ သတ်မှတ်ထားခြင်းမှာ ထားဝယ်-ရန်ကုန်အသွားအပြန်ခရီးအတွက် စက်သုံးဆီ ၂၄၀ လီတာခန့် ကုန်ကျခြင်း၊ ကားတာယာ၊ အင်ဂျင်ဝိုင် အစရှိသည့် အရေးပေါ်ကား […]

ဖမ်းခေါ်ခံရသည့် ဇဟာရွာသား ပစ်သတ်ခံရသည့်ဒဏ်ရာများဖြင့် အလောင်းစွန့်ပစ်ခံရ

diz_admin

March 7, 2023

ထားဝယ်မြို့နယ် ဇဟာရွာသားတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရပြီး တစ်ရက်အကြာတွင် ပစ်သတ်ခံထားရသည့် ဒဏ်ရာများဖြင့် အလောင်းစွန့်ပစ်ခံထားရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ သေဆုံးသူမှာ အသက် ၆၀ ကျော်အရွယ်ရှိ ဇဟာရွာသား ဦးကျော်သိန်းဆိုသူဖြစ်သည်။ မတ်လ ၅ ရက် ညနေ ၃နာရီခန့်က ၎င်း၏ဥယျာဉ်ခြံထဲ၌ မိသားစုနှင့်အတူ အလုပ်လုပ်နေစဉ် အမည်မသိ လက်နက်ကိုင်လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ထို့နောက်တစ်ရက်အကြာ မတ်လ ၆ ရက် နံနက် ၁၁ နာရီခန့်တွင် ရုပ်အလောင်းကို ဇာဟာရွာ ဖားအောက်တောရ အနီး အသစ်ဖောက်လုပ်ထားသည့် လမ်းမဘေးတွင် တွေ့ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်ဒဏ်ရာက လည်ပင်းမှာနှစ်ချက်၊ ဦးခေါင်းမှာတစ်ချက် တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။ ဦးကျော်သိန်းအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်ပစ်သတ်သွားသည်ကိုမူ […]