ထားဝယ်အရှေ့တောဒေသတွင် ၂ ရက်ဆက်တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ကျဆုံးမှုများရှိ
Dawei Watch
June 19, 2023ထားဝယ်မြို့နယ်၊ အရှေ့တောဒေသတွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဇွန်လ ၁၅ ရက်က အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ်၏ ခြေလျှင်စစ်ကြောင်းနှင့် ယာဉ်တန်းသည် ထားဝယ်မှ ပကာရီ၊ ပခပ်၊ ရမ္မဇူ၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံး၊ ဝကုန်းရွာများဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာသည်ဟု ဒေသကာကွယ်ရေးတပ်နှင့် ဒေသခံများက ဆိုသည်။ ဇွန်လ ၁၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ပကာရီကျေးရွာအုပ်စု၊ မဲချောင်းကျေးရွာအနီး(၈မိုင်)တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းငယ်ကို ထားဝယ်စုပေါင်းစစ်ကြောင်းက ၄၀ မမ၊ ၆၀ မမ ဗုံးသီးများဖြင့် သွားရောက်ပစ်ခတ်ရာ ၁ နာရီကြာ နှစ်ဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု ထားဝယ်စုပေါင်းစစ်ကြောင်း၏ […]


