လောင်းလုံးမြို့နယ် ကူးတို့ဂိုဏ်း သံဃနာယကဥက္ကဋ္ဌ တောင်ဇင်းအထက်ကျောင်း ဆရာတော်ပျံလွန်
Dawei Watch
June 26, 2023လောင်းလုံးမြို့နယ် သံဃနာယကဥက္ကဋ္ဌ (ကူးတို့ဂိုဏ်း) ၊ သောကြာပြင်ရွာ တောင်ဇင်းအထက်ကျောင်း၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တ သုဇန မထေရ်သည် ဇွန်လ ၂၄ရက်က ဘဝနတ်ထံပျံလွန်တော်မူကြောင်း ဆရာတော်၏ တပည့်တကာများထံမှ သိရသည်။ ပျံလွန်တော်မူချိန်တွင် ဆရာတော်သည် သက်တော် ၇၉ နှစ်၊ သိက္ခာတော် ၅၉ ဝါ ရှိပြီဖြစ်သည်။ “၉၆ ပါးသော လူကြီးရောဂါနဲ့ ပျံလွန်တော်မူသွားတယ်” ဟု ဆရာတော်၏ တပည့်တကာတစ်ဦးက ပြောသည်။ ဆရာတော်၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို ဇွန်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၇နာရီတွင် တောင်ဇင်းအထက်ကျောင်း ဘုန်းကြီးပျံကုန်း၌ အန္တိမ အဂ္ဂိဈာပနအား စတင်ကျင်းပမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်တကာများထံမှ သိရသည်။ ဆရာတော်၏ သာသနာအရေးဆောင်ရွက်ချက်များကြောင့် သာသနာရေးဆိုင်ရာဘွဲ့တံဆိပ်များဖြစ်သည့် မဟာဂန္တဝါစကပဏ္ဍိတ၊ သာသနာဓဇသီရိပဝါရဓမ္မာစရိယ […]


