ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံး ပန္ဒလဲရွာသားတစ်ဦးပစ်သတ်ခံရ

Dawei Watch

June 29, 2023

လောင်းလုံးမြို့နယ် ပန္ဒလဲရွာတွင် ယနေ့ ဇွန်လ ၂၉ရက် မွန်းလွဲပိုင်းက အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှသိရသည်။ သေဆုံးသူမှာ ပန္ဒလဲရွာသား ဦးကံစိန်ဆိုသူဖြစ်ပြီး ရွာ၏ အနောက်ဘက် ဥယျာဉ်ခြံတစ်ခုတွင် ယနေ့ မွန်းလွဲ၂နာရီခန့်က သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့်ကို ၎င်း၏ဆွေမျိုးသားချင်းများက စတင် တွေ့ရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။ ဦးခေါင်း ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း ဆိုသည်။ ဦးကံစိန်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။ သေဆုံးသူ၏ ရုပ်အလောင်းကို ယနေ့ ညနေ ၆ နာရီခွဲခန့်တွင် အရေးပေါ်ကားဖြင့် ထားဝယ်ဘက်သို့ သယ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်တွင် စစ်ရေးတင်းမာနေပြီး တစ်ပတ်အတွင်း ရဲစခန်းနှစ်ခုတိုက်ခိုက်ခံရကာ ရဲနှစ်ဦးသေဆုံး

Dawei Watch

June 29, 2023

ထားဝယ်ခရိုင်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား စစ်ရေးတင်းမာနေပြီး ဇွန်လ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ရဲစခန်းနှစ်ခုတိုက်ခိုက်ခံရကာ ရဲနှစ်ဦးသေဆုံးခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့တွင် လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး စခန်းအနီးရှိ လမ်းပိုင်း တစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသည့်ကားကို စောင့်ကြိုတိုက်ခိုက်မှုကြောင့် ဒုရဲအုပ် အောင်သူထွန်းအပါဝင် ရဲတပ်ကြပ်ကြီး ရဲညွန့်တို့သေဆုံးခဲ့ရပြီး အခြားအဆင့်ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့သည်။ ယင်းတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းနောက် ဇွန်လ ၂၇ ရက်နေ့ နေ့လယ်နှင့် ညနေပိုင်းတွင် လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းနှင့် ရေဖြူမြို့မ ရဲစခန်းတို့ တိုက်ခိုက်ခံရသည်။ ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးခုပူးပေါင်းပြီး ဗထူးစစ်ကြောင်း စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့သုံးဖွဲ့က […]

ကံပေါက်ကျေးရွာရှိ စစ်ကောင်စီတပ်ရင်းရှိသည့် ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်

Dawei Watch

June 28, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာရှိ စစ်ကောင်စီတပ်ရင်းရှိသည့် ရပ်ကွက်ဘက်ခြမ်းတွင် ‌ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ ဇွန်လ ၂၇ ရက် ည ၉ နာရီခွဲဝန်းကျင်တွင် ပေါက်ကွဲသံနှစ်ချက်ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါပေါက်ကွဲသံမှာ အမှတ် ၂၇၃ ခြေလျင်တပ်ရင်း တည်ရှိသည့် သီရီမင်္ဂလာရပ်ကွက်ဘက်ခြမ်းက ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “ပထမတစ်ချက်က အတော်ကြမ်းတယ်။ နောက်လေးငါးမိနစ်နေတော့ တစ်ချက်ထပ်ကြားရတယ်။ ပြီးတာနဲ့ သေနတ်သံ နှစ်ချက်ဆင့် ဆက်တိုက်ကြားရတယ်။ အရင်က ရွာမှာ ဗုံးတွေဘာတွေပေါက်တာ ကြုံဖူးတယ်။ အခုလောက်အသံမကျယ်ဘူး။ အခုကတစ်ရွာလုံး ကြားကြတယ်” ဟု ကံပေါက်ရွာသားတစ်ဦးက ပြောသည်။ မည်သည့်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွားသည်ကိုမူ လတ်တလော မေးမြန်းစုံစမ်းနေဆဲသာ ရှိသေးသည်။ ကံပေါက်ရွာထဲတွင်မူ ယနေ့နံနက်ပိုင်း ဒေသခံများ ပုံမှန်အတိုင်းသွားလာနေကြဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ပေါက်ကွဲမှုနှင့်ပတ်သတ်ပြီး လိုက်လံစစ်ဆေးခြင်းမျိုး မတွေ့ရသေးကြောင်း ဒေသခံတို့က […]

သရက်ချောင်း ရွှေဂူတံတားစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ

Dawei Watch

June 27, 2023

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်ကားလမ်းမရှိ စစ်ကောင်စီတပ်၏ ရွှေဂူတံတားစစ်ဆေးရေးဂိတ် ဇွန်လ ၂၆ရက်က တိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ဇွန်လ ၂၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်က ရွှေဂူစစ်ဆေးရေးဂိတ်ကို သွားရောက် တိုက်ခိုက်ပြီး နှစ်ဖက်ပစ်ခတ်မှု မိနစ် ၃၀ ကြာဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ရွှေဂူတံတား စစ်ဆေးရေးဂိတ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ကြားရကြောင်း စစ်ဆေးရေးဂိတ်အနီးရှိ ညောင်ဇင်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “လက်နက်ကြီး ပစ်သံကနည်းနည်းပဲ။ လက်နက်ငယ်ပစ်သံတွေ အများဆုံးကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုတွင် နှစ်ဖက်ထိခိုက်မှု အသေးစိတ်အခြေအနေကို မသိရသေးပေ။ ထားဝယ်မှ သရက်ချောင်းမြို့နယ်ဘက်သို့လာလျှင် ရှင်မုတ္ထီး၊ ရောင်းမော်၊ စော်ဝရွာနှင့် ရွှေဂူစစ်ဆေးရေးဂိတ်ရှိပြီး ထိုမှတစ်ဆင့်သွားလျှင် ညောင်ဇင်ရွာ၊ ရန်တောင်၊ […]

သရက်နှစ်ခွရွာစာသင်ကျောင်း ပြန်မဖွင့်နိုင်သေး

Dawei Watch

June 27, 2023

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာစာသင်ကျောင်းကို ဇွန်လ ၁၅ရက်တွင် နောက်ဆုံးထားဖွင့်လှစ်ရန် မြို့နယ် စစ်ကောင်စီတာဝန်ရှိသူများက ပြောဆိုထားသော်လည်း ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။ ရွာအပြင်ဖက် ထားဝယ်-မြိတ် ကားလမ်းဘေးတွင်တည်ရှိသည့် သရက်နှစ်ခွရွာ အထက်တန်းကျောင်းခွဲကို ဇွန်လ ၅ရက် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ကျောင်းမဖွင့်ရန်၊ ကျောင်းဖွင့်လျှင် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု သတိပေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် ဆရာမများလည်း ကျောင်းမသွားရဲတော့သလို ကျောင်းသားမိဘများလည်း သားသမီးများကို ကျောင်းဆက်မပို့ရဲတော့ကြောင်း ဒေသခံအချို့နှင့် ဆရာမတစ်ဦးက ပြောဆိုသည်။ ဇွန်လ ၇ ရက်တွင် စစ်ကောင်စီတပ်ရောက်ရှိလာပြီး တစ်အိမ်တစ်ဦး ကျောင်းသို့ ခေါ်ကာ အစည်းအဝေးလုပ်ကြောင်း ဒေသခံတို့က ပြောသည်။ တိုင်းနှင့် မြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူအချို့နှင့် မြို့နယ်ထွေအုပ်က တာဝန်ရှိသူအချို့တို့ပါဝင်ပြီး ကျောင်းကို ဇွန်လ ၁၅ ရက် […]

လောင်းလုံး သောကြာပြင်လမ်းဆုံတွင် အမျိုးသားအလောင်းတွေ့

Dawei Watch

June 27, 2023

လောင်းလုံးမြို့နယ် ထားဝယ်-မောင်းမကန်လမ်းပိုင်း သောကြာပြင်ရွာလမ်းဆုံတွင် ယနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက်‌ စောစောတွင် အမျိုးသားတစ်ဦး၏ရုပ်အလောင်းအား တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးနေသူမှာ အသက် ၃၆နှစ်အရွယ်ရှိသည့် ဦးကျော်မျိုးထိုက် ဆိုသူဖြစ်ပြီး ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်တွင် နေထိုင်သူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဦးခေါင်းကျည်ဆံဖောက်ဝင် ဒဏ်ရာနှင့် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် လမ်းဘေး‌တွင် သေဆုံးနေခြင်း ဖြစ်ကြောင်းလည်း မျက်မြင်တွေ့ရှိသူတို့က ပြောသည်။ သေဆုံးသူ၏ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည့်အင်္ကျီမှာ ဆိုင်ကယ်တက္ကစီသမားများကို ထုတ်ပေးထားသည့် အမှတ်တံဆိပ်ပါ အင်္ကျီဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဦးကျော်မျိုးထိုက်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်သွားသည်ကိုမူ မသိရသေးပေ။ အလောင်းကို ယနေ့ နံနက်စောစောတွင် အရေးပေါ်ကားဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

လောင်းလုံး အင်းဝတောင်စစ်ကောင်စီစခန်းကို PDF တိုက်ခိုက်

Dawei Watch

June 26, 2023

လောင်းလုံးမြို့နယ် သဲပုံရွာရှိ အင်းဝတောင်စစ်ကောင်စီတပ်စခန်းကို ဇွန်လ ၂၅ ရက်နေ့ ည က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ယနေ့ ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်သည်။ စစ်ကောင်စီတပ်သား အင်အားသုံးဆယ်ခန့်ရှိသည့် ယင်းစခန်းကို ယမန်နေ့ည ၈ နာရီခွဲတွင် LLPDF နှင့် အထူးပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ PDF ဘက်က ၈၁ မမ လက်နက်ကြီးများအသုံးပြု၍ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ “လက်နက်ကြီးတွေက (ပစ်တာ) အများကြီးပဲ။ ကျွန်မကလေးတွေဆို လန့်ပြီးငို‌တာ၊ ဖျားတောင်ဖျားသွားတယ်။ဒီမနက်ကျောင်းမသွားနိုင်တော့ဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။ ထားဝယ် နှင့် ကမြောကင်းတံတားဘက်မှ စစ်ကူလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှာလည်း ကမြောကြီးရွာအနီးအထိ ရောက်လာပြီး […]

ကလိန်အောင် မီးသတ်ဒုဦးစီးမှူး လိုက်ပါလာသည့်ကား ပစ်ခတ်ခံရ

Dawei Watch

June 26, 2023

ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာန ဒုဦးစီးမှူလိုက်ပါလာသည့်ကား ကလိန်အောင်-ရေဖြူလမ်းပိုင်း မိုင်တိုင် ၂၅ အရောက်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။ ဇွန်လ ၂၄ ရက်နေ့ညပိုင်းက ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ဦးစီးမှူးဦးကျော်မျိုးထွန်း အပါအဝင်  ကားပေါ်လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရသွားကြောင်း ကလိန်အောင်မြို့ခံ အချို့ကဆိုသည်။ “ကားက မီးသတ်ဦးစီးရဲ့ကိုယ်ပိုင်ကားပါပဲ။ သေနတ်နဲ့ ပစ်ခံရပြီးလမ်းဘေးကို ထိုးကျသွားတယ်။ လူတွေလည်းအကုန်ဒဏ်ရာရကြတယ်” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။ ဒဏ်ရာရသူများမှာ ရေဖြူဆေးရုံတွင် တက်ရောက်ကုသနေပြီး ဒဏ်ရာရသွားသည့် အမျိုးသားမှာ စစ်ကောင်စီတပ်သား တစ်ဦးဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။ သို့သော်လည်း စစ်ကောင်စီတပ်သား ဖြစ်သည်ဆိုသောအချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ပစ်ခတ်ခံရမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က ဆောင်ရွက်ခဲ့သည်ကိုမူ ယနေ့ဇွန်လ ၂၆ ရက် ညနေပိုင်းအထိ ထုတ်ပြန်ထားသည်ကိုမတွေ့ရသေးပေ။ ဇွန်လ ၂၃ […]