ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်တွင် ဆန္ဒပြလူငယ်၏နေအိမ် ချိပ်ပိတ်ခံရ

diz_admin

January 16, 2023

ထားဝယ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချိန်က တောက်လျှောက်ပါဝင်ခဲ့သည့် လူငယ်တစ်ဦး၏ နေအိမ် ချိပ်ပိတ်ခံလိုက်ရကြောင်း ကာယကံရှင်က ပြောသည်။ ထားဝယ်မြို့ ဆေးရုံလမ်းရှိ နေအိမ်ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ချိပ်ပိတ်ခဲ့ကြောင်း နေအိမ်ချိပ်ပိတ်ခံရသည့် ကိုတက်တိုးအောင်က ဆိုသည်။ “တော်လှန်ရေးသပိတ်စကတည်းက တော်လှန်ရေးထဲပါဝင်လာတော့ ကျွန်တော့်ကို မမိလို့ ဒီလိုလုပ်သွားတာလို့ ယူဆတယ်” ဟု ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်က နေအိမ်ကို ချိပ်လာပိတ်ချိန်တွင် မိသားစုဝင်များက နယ်ဘက်ခရီးသွားနေချိန်ဖြစ်သလို ၎င်းကိုယ်တိုင်လည်း နေအိမ်တွင်မရှိကြောင်း ကိုတက်တိုးအောင်က ပြောသည်။ အိမ်နီးချင်းများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်ကား ခုနစ်စီးဖြင့် လာရောက်ပြီး ချိပ်ပိတ်သွားသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်အထိ ထားဝယ်ဒေသတွင် ချိပ်ပိတ်ထားသည့် နေအိမ် ဆယ်ချီရှိနေပြီဖြစ်သည်။ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသည့် […]

ထားဝယ်တွင် ကြက်သွန်ဖြူဈေး ဆက်တိုက်မြင့်တက်

diz_admin

January 15, 2023

ထားဝယ်ဈေးကွက်ရှိ အဝယ်ဒိုင်များတွင် ကြက်သွန်ဖြူအဟောင်း ပြတ်လုနီးပါးဖြစ်နေပြီး ကြက်သွန်ဖြူအသစ် စျေးကွက်အတွင်း ဝင်မလာသေးသည့်အတွက် ကြက်သွန်ဖြူဈေး ဆက်တိုက်တက်နေကြောင်း စျေးကွက်အတွင်းမှသိရသည်။ “ကြက်သွန်ဖြူအသစ် ထွက်ဖို့က နောက်တစ်လနှစ်လလောက် လိုသေးတယ်။ လက်ရှိအဟောင်းက ပွဲရုံတိုင်းမှာနည်းလာတဲ့အခါကျတော့ သူလိုသူဆွဲ ငါလိုငါဆွဲနဲ့ဈေးက မြင့်တက်လာတဲ့သဘောပါ”ဟု ထားဝယ်မြို့ရှိ ကုန်ခြောက်ပစ္စည်း လက်လီ၊လက်ကားရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ၂၃ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ကြက်သွန်ဖြူတစ်ပိဿာ ၄၉၀၀ကျပ်မှ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ၅၅၀၀ ကျပ် အထိမြင့်တက်ခဲ့သည်။ ယခုလ ဇန်နဝါရီ ၆ ရက်နေ့ဈေးကွက်ထဲတွင် ကြက်သွန်ဖြူတစ်ပိဿာ ၆၀၀၀ ကျပ်မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့တွင် တစ်ပိဿာ ၆၅၀၀ ကျပ်ဖြစ်သွားသည်။ သုံးပတ်အတွင်း တစ်ပိဿာ ၁၆၀၀ ကျပ်ဈေးတက်သွားခြင်းဖြစ်သည်။ ကြက်သွန်ဟောင်းနည်းနေချိန် […]

ကံပေါက်တွင် လူဦးရေစာရင်းကောက်သူများကို ဒေသကာကွယ်ရေးအဖွဲ့သတိပေး

diz_admin

January 15, 2023

ရေဖြူမြို့နယ် ကံပေါက်ဒေသအတွင်းရှိ ကျေးရွာအုပ်စုများအတွင်း လူဦးရေစာရင်းကောက်ရာတွင် ပါဝင်သူများကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) က သတိပေးချက်ထုတ်ပြန်ထားသည်။ လူဦးရေစာရင်းကောက်ခြင်းကို ဆက်လက်မလုပ်ဆောင်ကြရန် ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်ဟု ဇန်နဝါရီလ ၁၂ရက်က ထုတ်ပြန်ထားခြင်းဖြစ်သည်။ ကံပေါက်ဒေသအတွင်းရှိ ကံပေါက်၊ အုန်းပင်ကွင်း၊ သဲချောင်း၊ ဖောင်းတော၊ ဇာဒီ၊ အိန္ဒရာဇာ၊ နတ်ကြီးစင်၊ မင်းသား၊ ကျွဲသုံးညီမ၊ ဖားချောင်း စသည့် ကျေးရွာအုပ်စု ၁၀ ခုအတွက် သတိပေးထားခြင်းဖြစ်သည်။ ကံပေါက်ဒေသတွင် ကျေးရွာဆယ်ရွာရှိသည့်အနက် ကံပေါက်ကျေးရွာ စက်ကုန်းရပ်ကွက်တစ်ခုတည်းတွင်သာ လူဦးရေစာရင်းကောက်နေသည်ကိုတွေ့နေရဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ စက်ကုန်းရပ်ကွက်တွင် တစ်အိမ်တက်တစ်အိမ်ဆင်း လူဦးရေစာရင်းလိုက်ကောက်နေခြင်းမဟုတ်ဘဲ ရပ်ကွက်ဓမ္မာရုံသို့ ခေါ်ယူကာ အိမ်ထောင်စုစာရင်းဖြည့်ခိုင်းနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဓမ္မာရုံကို အိမ်ထောင်စုစာရင်း ယူလာခိုင်းပြီးတော့ သူတို့မှာပါတဲ့ စာရွက်ထဲဖြည့်သွင်းသွားတာပါ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ လူဦးရေစာရင်းကောက်ယူရာတွင် […]

မကြာခဏ တိုက်ခိုက်ခံနေရသည့် လောင်းလုံးမြို့နယ်က ရဲစခန်းတစ်ခုကို စစ်ကောင်စီတပ် လက်လွှတ်စွန့်ခွာ

diz_admin

January 14, 2023

‌ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ မကြာခဏဝင်ရောက်တိုက်ခိုက်နေသည့် လောင်းလုံးမြို့နယ် သကျက်တောနယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်လွှတ်စွန့်ခွာသွားပြီဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ ဇန်နဝါရီလ ၁၃ ရက်ညအချိန်က စွန့်ခွာသွားခြင်းဖြစ်ပြီး နောက်တစ်နေ့မနက် ( ဇန်နဝါရီလ ၁၄ ရက်မနက်) မှ စစ်ကောင်စီတပ်သားများ စခန်းစွန့်သွားသည်ကို ဒေသခံများက သိရှိခဲ့ခြင်းဖြစ်သည်။ “စခန်းကနေသူတို့( စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ထွက်သွားတာကို အစကမသိဘူး။ စခန်းတံခါးကြီးပွင့်ပြီးတော့ တိတ်ဆိတ်နေတာကိုတော့ သတိထားမိတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။ နောက်ပိုင်းမှ တစ်ယောက်စကားတစ်ယောက်ကြားပြီး ရဲစခန်းအခြေအနေကို သွားရောက်ကြည့်ရှုခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ စခန်းစွန့်ခွာသွားသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။ ဇန်နဝါရီလ ၆ ရက်နေ့က သကျက်တောရဲစခန်းမှ တပ်ဖွဲ့ဝင်နှစ်ဦး ရဲစခန်းအပြင်ဖက်သို့ထွက်ပြီး ထန်းရည်ဝယ်ချိန် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် စခန်းကိုစွန့်ခွာသွားခြင်း ဖြစ်သည်။ ထိုကဲ့သို့ပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်ကလည်း ပြည်သူနေအိမ်နှစ်ဆောင်နှင့် ထန်းရည်တဲတစ်လုံးကို […]

ကံပေါက်ဒေသ ဟိန္ဒူမီးနင်းပွဲ ယခုနှစ်တွင်လည်းကျင်းပခြင်းမရှိဘဲ ပူဇော်ပွဲသာကျင်းပ

diz_admin

January 13, 2023

ကံပေါက်ဒေသ၏ နာမည်ကျော်ပွဲတော်တစ်ခုဖြစ်သော ဆရီကာလီယမ္မားမယ်တော်ကြီး ဘုရားကျောင်းက ဦးဆောင် ကျင်းပသည့် မီးနင်းပွဲနှင့် ဓားတက်ပွဲတော်ကြီးကို ယခုနှစ်တွင်လည်း မကျင်းပဖြစ်ဘဲ ကျောင်းတွင်းပူဇော်ပွဲသာ ကျင်းပပြုလုပ်ခဲ့သည်။ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်ပြီး ၁၉၉၄ ခုနှစ်မှစကာ နှစ်စဉ်ဇန်နဝါရီလတိုင်း ကျင်းပ‌လေ့ရှိသော်လည်း ယခုမကျင်းပဖြစ်သည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်သည်။ ယခုနှစ်ပူဇော်ပွဲကို ဇန်နဝါရီလ ၈ ရက်မှ ၁၂ ရက်နေ့အထိကျင်းပခဲ့ပြီး သက်သက်လွတ် စတုဒီသာကျွေးခြင်း၊ နေ့ပူဇော်ပွဲ၊ ညပူဇော်ပွဲများပြုလုပ်ခြင်းနှင့် မီးဟုမ်းပူဇော်ခြင်းများကိုသာ ပြုလုပ်ခဲ့ကြောင်း ဘုရားကျောင်းပူဂျာရီအဖွဲ့က ပြောဆိုသည်။ ယခုနှစ်တွင် ဘုရားကျောင်း ပြန်လည်ပြုပြင်မွမ်းမံပြီးစီးခဲ့သည့်အတွက် မန္တလေးမြို့မှ ပုရောဟိတ် ပုဏ္ဏားများ ပင့်ဖိတ်ပြီး ဘုရားကျောင်းထီးတင်ပွဲကိုပါ ကျင်းပပြုလုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။ ကံပေါက်ဒေသမှ အဆိုပါဟိန္ဒူဘုရားကျောင်းသည် နှစ် ၃၀ ကျော်သက်တမ်းရှိပြီး ၂၀၀၄ ခုနှစ်တွင်တစ်ကြိမ် […]

နတ်တွင်းရွာ မင်္ဂလာဆောင်တွင် ဗုံးပေါက်

diz_admin

January 12, 2023

ရေဖြူမြို့နယ်၊ နတ်တွင်းရွာ မင်္ဂလာဆောင်တစ်ခုတွင် ယနေ့(ဇန်နဝါရီ ၁၂ )မနက် ၉နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ မင်္ဂလာ ဘိသိက်သွန်းအပြီး ကျွေးမွေးဧည့်ခံနေစဉ် မဏ္ဍပ်အဝင်ဝရှိ မင်္ဂလာလက်ဖွဲ့ စာရင်းရေးသည့် စားပွဲအနီး ပေါက်ကွဲခြင်းဖြစ်သည်ဟု မျက်မျက်တွေ့ရှိသူ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ “အသံကြားတာပဲ သိလိုက်တယ်။ လူက ထုံသွားပြီး သတိဝင်လာချိန် ဖုံတွေတစ်လိမ့်လိမ့်တက်လာတာ‌ တွေ့တယ်။ ယမ်းနံလည်းရတယ်”ဟု ထိုအမျိုးသမီးကပြောသည်။ ဗုံးပေါက်ကွဲသည့်အိမ်မှာ နတ်တွင်းရွာသားများဖြစ်သည့် ဦးကျော်အောင် ဒေါ်ချိုမာအေးတို့ မင်္ဂလာနေအိမ်ဖြစ်သည်။ အဆိုပါပေါက်ကွဲမှုကြောင့် အမျိုးသား၊အမျိုးသမီး ခြောက်ဦးခန့် မှာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည်ဟုသိရပြီး ထိတ်လန့်ပြီး ထွက်ပြေးကြသည့်အတွက်ကြောင့် ချော်လဲကာ ဒဏ်ရာရရှိသူများလည်းရှိသည်ဟု အထက်ပါအမျိုးသမီးကပြောသည်။ “ခြေထောက်တွေ လက်တွေမှာ ပွန်းပဲ့ကြတာပဲရှိတယ်”ဟု ၎င်းကပြောသည်။ အသံကြယ်လောက်စွာကြားရပြီး ထိခိုက်မှုနည်းသည့်အတွက် အသံဗုံးဟု ဒေသခံအများစုက ခန်မှန်းပြောဆိုလျက်ရှိသည်။ နတ်တွင်းရွာတွင် ယခုလ ၁ ရက်နေ့က […]

အင်းဝန်းရွာလောင်းကစားဝိုင်း PDF ကသေနတ်ပစ်ဖောက်သတိပေး

diz_admin

January 12, 2023

အင်းဝန်းရွာတွင်ပြုလုပ်နေသော လောင်းကစားဝိုင်းကို PDF အဖွဲ့က သေနတ်ပစ်ဖောက်သတိပေးမှု ပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ မနေ့(ဇန်နဝါရီ ၁၁)က ညနေ သုံးနာရီခန့်တွင် သေနတ်ကိုင်လူငယ် ၆ ဦးခန့်က သေနတ်ပစ်ဖောက်ပြီးနောက် လောင်းကစားဝိုင်းတွင်ရှိနေသူများအား နောက်ထပ်မပြုလုပ်ရန် သတိပေးခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဘာမှမလုပ်ဘူး နောက်မလုပ်ဖို့ပဲ သတိပေးသွားတယ် “ဟု၎င်းကပြောသည်။ သေနတ်ပစ်ဖောက်မှုကြောင့် လောင်းကစားပြုလုပ်နေကြသည့် ရွာခံအချို့ မှာ ရွာအရှေ့ဘက်လယ်ကွင်းဘက်ကို ပြေးထွက်သွားသည်ဟု မျက်မြင်တွေ့ရှိသူအခြား ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။ “သေနတ်သံက‌ ခြောက်ချက်လောက်ရှိမယ်။ အပေါ်ထောင်ပစ်တာ လယ်ကွင်းထဲကို လူတွေထွက်ပြေးလာတာ တွေ့ရတယ်”ဟု၎င်းကပြောသည်။ အင်းဝန်းရွာသည် ထားဝယ်မြို့အနီး လောင်းလုံးမြို့နယ်ထဲတွင်ရှိပြီး လောင်းလုံး-ထားဝယ်ကားလမ်းမမှ တစ်ဖာလုံခန့် အကွာတွင်ရှိကာ ရွာပတ်လည်ကို လယ်ကွင်းများဝန်းရံထားသော ကျေးရွာငယ်လေးဖြစ်သည်။ “လေးပြားဖဲကစားနည်းရှိမယ်၊ ဖဲကစားနည်းရှိမယ် ငွေကြေးက များများစားစားတော့မဟုတ်ဘူး”ဟု ရွာခံတစ်ဦးကပြောသည်။ အလားတူ ပြီးခဲ့သည့်သုံးလေးရက်ခန့်ကလဲ လောင်းလုံးမြို့နယ် ဂေါ့အင်းရွာတွင် […]

ရေဖြူ ပိတောက်ကုန်းရွာ အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရ

diz_admin

January 11, 2023

ရေဖြူမြို့နယ်၊ ပိတောက်ကုန်းရွာတွင် ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး အပစ်ခံရကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရသိရသည်။ အပစ်ခံရသူမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ ဦးကျော်ဝင်းဆိုသူဖြစ်သည်။ ၎င်းသည် NLD အစိုးရလက်ထက်ကလည်း ပိတောက်ကုန်းရွာ အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ ဦးကျော်ဝင်းအား ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( YPPDF) က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဦးကျော်ဝင်းမှာ လက်နက်ကိုင်ဆောင်ထားသူဖြစ်သောကြောင့် လာရောက်ပစ်ခတ်သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံတစ်ဦးကဆိုသည်။ “သေသလား ရှင်သလားတော့မသိ ဒဏ်ရာနဲ့ထွက်ပြေးသွားတယ်” ဟု၎င်းကပြောသည်။ ဦးကျော်ဝင်းမှာ ထားဝယ်ဇာတိမဟုတ်ဘဲ ပိတောက်ကုန်းရွာသူနှင့် အိမ်ထောင်ကျကာ ယင်းကျေးရွာတွင် အခြေချနေထိုင်သူဟုဆိုသည်။ စစ်ကောင်စီလက်ထက်တွင်လည်း အုပ်ချုပ်ရေးမှူးဆက်လက် လုပ်ကိုင်နေသူဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ ၎င်းသည် ကျေးရွာအတွင်း ဆက်ကြေးကောက်ခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ ပြည်သူများဖမ်းဆီးခံရအောင် ကူညီပေးခြင်း၊ လက်နက်ကိုင်ဆောင်ထားသူဖြစ်ခြင်း၊ ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်ခြင်းတို့ လုပ်ဆောင်နေသဖြင့် YPPDF အဖွဲ့က […]