ထားဝယ် ပကဖ ဗျူဟာမှူး၊ ဥဩစစ်ကြောင်းမှူး ဖထီးစိုးဝင်းကျဆုံး
diz_admin
January 10, 2023ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) ၏ လက်ဦးဆရာလည်းဖြစ်၊ ဗျူဟာမှူးလည်းဖြစ်ပြီး ဥဩစစ်ကြောင်း၏ စစ်ကြောင်းမှူးလည်းဖြစ်သူ ဖထီးစိုးဝင်း ဘဲ့မတပ်တောင်တိုက်ပွဲတွင် ကျဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့၏ အတည်ပြုချက်နှင့် DGRF ၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ ဖထီးစိုးဝင်မှာ အသက် ၆၅နှစ်အရွယ်ဖြစ်သဖြင့် တိုင်းအတွင်း တော်လှန်ရေးသမားများတွင် အသက်အရွယ် အကြီးဆုံးထဲက တစ်ဦးဖြစ်သည်။ ထားဝယ်-ထီးခီးလမ်း သင်္ကန်းတုံးရွာနှင့် ဝကုန်းရွာကြားရှိ ဇန်နဝါရီလ ၇ရက်က ဘဲ့မတပ်တောင်တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း Dawei Guerrillla Revolutonary Force (DGRF) က ဇန်နဝါရီလ ၉ ရက် ညပိုင်းက ထုတ်ပြန်သည်။ ဇန်နဝါရီလ ၆ရက်က ထားဝယ်အရှေ့တောဒေသ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက လမ်းတလျှောက် ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ထံမှ သိရသည်။ ယင်းသို့တိုက်ခိုက်စဉ် ဇန်နဝါရီလ […]


