လွတ်လပ်ရေးနေ့ အကျဉ်းသား၊ အကျဉ်းသူ ခုနှစ်ထောင်ကျော်ကို ပြန်လွှတ်ပေး
diz_admin
January 4, 2023လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ခုနှစ်ထောင်ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ယနေ့ ဇန်နဝါရီလ ၄ရက်တွင် ကျရောက်သည့် ၇၅နှစ်မြောက် စိန်ရတုအထိမ်းအမှတ်နေ့တွင် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျနေသည့် အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦးကို ပြန်လွှတ်ပေးခြင်းဖြစ်သည်။ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ ၁၉ (စ) အရ ပြစ်မှုများ၊ လက်နက်မှု၊ မူးယစ် ဆေးဝါးအမှု၊ အဂတိလိုက်စားမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပုဒ်မများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေအရ ပြစ်မှုများ မဟုတ်သည့် အခြားပုဒ်မများဖြင့် ထောင်ဒဏ်ကျခံနေရသူများကို ပြစ်ဒဏ်လျှော့ပေါ့ သက်သာခွင့်ဖြင့် ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ လွတ်ငြိမ်းသက်သာခွင့်ရသူများသည် နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်လျှင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟုဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ […]


