သရက်ချောင်း ရွာသုံးရွာက ဒေသခံလေးဦးဖမ်းဆီးခံရ၊ နှစ်ဦးသာပြန်လွတ်
diz_admin
January 2, 2023သရက်ချောင်းမြို့နယ်၊ ညောင်ဇင်စံပြ၊ ရန်တောင်နှင့် သရက်နှစ်ခွကျေးရွာတို့က ဒေသခံလေးဦး ဖမ်းဆီးခံရပြီး နှစ်ဦးသာ ပြန်လွတ်လာသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ဇန်နဝါရီလ ၁ ရက် နေ့လယ် ၁၂ နာရီခန့်က ထားဝယ်-မြိတ်ကားလမ်းအတိုင်း ထားဝယ်ဘက်မှ သရက်ချောင်း ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်ကား သုံးစီးမှာ လမ်းတစ်လျှောက် သေနတ်ပစ်ဖောက်ခြင်း၊ ဒေသခံများကို စစ်ဆေးခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ ဖမ်းဆီးစစ်ဆေးခြင်းများ၊ သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများ အိမ်ထဲမှ အိမ်အပြင်ထွက်မကြည့်ရဲသည်အထိ အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ဒေသခံအချို့က ဆိုသည်။ ကုန်စုံဆိုင်ထဲတွင် ဈေးဝယ်နေသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရာ တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး တစ်ဦးမှာ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း ညောင်ဇင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “အဖမ်းခံရတဲ့ […]


