ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

၅ နာရီကြာ ပြင်းထန်ခဲ့သည့် လောင်းလုံးမြို့ပေါ်တိုက်ပွဲ

Dawei Watch

January 30, 2024

လောင်းလုံးမြို့ပေါ်တွင် ယနေ့(ဇန်နဝါရီ ၃၀) နံနက် ၆ နာရီခွဲခန့်မှစ၍ ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်ဖွဲများက စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို ဝင်ရောက်တိုက်ခိုက်ရာမှ ၅ နာရီခန့်အကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ မြို့နယ်စစ်ဘက်ရေးရာ လုံခြုံရေးရုံး(စရဖ)နှင့် မြို့နယ်ထွေအုပ်ရုံးတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ တိုက်ပွဲအတွင်း စရဖရုံးနှင့် မြို့နယ်စာရင်းစစ်ရုံးရှိ စာရွက်စာတမ်းများ မီးရှို့ခံခဲရကြောင်း မြို့ခံအချို့ကပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ရေတပ်ကလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ယနေ့ နံနက် ၁၁ နာရီကျော်ခန့်မှစပြီး လောင်းလုံးမြို့၏ အနောက်ဘက် ပင်လယ်ပြင်မှ ပစ်ကူပေးခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “မွန်းတည့် ၁၂ နာရီ ကျော်အထိ ပစ်နေတာ”ဟု သူမကပြောသည်။ တိုက်ပွဲအတွင်း ပစ်ခတ်သည့်လက်နက်ကြီး ကျည်သုံးလုံးသည် အနောက်သဗျာရွာအနီး […]

လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်

Dawei Watch

January 30, 2024

လောင်းလုံးမြို့ပေါ်တွင် ယနေ့ ဇန်နဝါရီ ၃၀ ရက် နံနက် ၆ နာရီဝန်းကျင်ခန့်ကစပြီး တိုင်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့ပေါ်တွင်ရှိသော စစ်ကောင်စီတပ်တပ်စွဲထားသည့် ရဲစခန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေကြခြင်းဖြစ်ကာ လောင်းလုံးမြို့ပေါ် လမ်းမများတွင် ဖြတ်သန်းသွားလာသူကင်းမဲ့နေကြောင်း ဒေသခံတို့က ဆိုသည်။ နှစ်ဖက်ပစ်ခတ်မှုမှာ ယနေ့ နံက် နက် ၆ နာရီဝန်းကျင်ကနေ ၁၀ နာရီ ဝန်းကျင်အထိ ဖြစ်ပွားနေဆဲဖြစ်ကြောင်းဒေသခံတို့က ပြောသည်။ အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖမ်းဆီးစစ်ဆေးခံနေရသည့် ကံပေါက်ဒေသခံခြောက်ဦး ပြန်လွတ်

Dawei Watch

January 28, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ‌အခြေစိုက် မောရဝတီရေတပ်စခန်းဌာနချုပ်က ဖမ်းဆီးစစ်ဆေးနေသည့် ဒေသခံ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ငါးဦး ဇန်နဝါရီလ ၂‌၅ ရက်နှင့် ၂၆ ရက်တို့တွင် ပြန်လွတ်လာကြောင်း ၎င်းတို့၏ မိသားစုများဝင်များက ‌ပြောသည်။ ပြန်လွတ်လာသူများမှာ လှည်းကုန်းရပ်ကွက်က မသဲစုမိုး၊ ဒေါ်သန်းသန်းစိုး ၊ မမော်မော်ရှိန်နှင့် မနီနီရှိန်တို့ ညီအမ နှစ်ဦး၊ မိကျောင်းအိုင်ရပ်ကွက်က ဦးကိုကိုဦးနှင့် ဇနီးဖြစ်သူတို့ဖြစ်ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။ လှည်းကုန်းရပ်ကွက်က ဖမ်းဆီးစစ်ဆေးခံရသည့် အမျိုးသမီးလေးဦးတို့သည် မောရဝတီ ရေတပ် ဒရုန်းဖြင့် ဗုံးချခံရပြီးနောက် ဒီဇင်ဘာလ တတိယအပတ်က အဖမ်းခံရပြီး တစ်‌လကျော်ကြာ စစ်ဆေးခံရသည်။ ဇန်နဝါရီလ ၂၄ ရက်က အဖမ်းခံရသည့် ဦးကိုကိုဦးတို့ဇနီးမောင်နှံသည်လည်း ဇန်နဝါရီလ ၂‌‌၆ ရက်တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ […]

သရက်ချောင်းတွင် စစ်ကောင်စီစစ်ကြောင်းဖြတ်သွားချိန် ကျေးရွာများကိုပစ်ခတ်

Dawei Watch

January 26, 2024

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း ဖြတ်သန်းသွားလာစဉ် ပိတိုင်၊ ပြင်းဖြူကြီး၊ ချောက်ချောင်းရွာများကို ဘက်ကိုလက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် စစ်ကားသုံးစီးနှင့် အင်အား ၃၀ ခန့်ပါသည့် ခြေလျင်စစ်ကြောင်းတို့သည် ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် သရက်ချောင်းမြို့မှ မြို့နယ်အောက်ဘက်ပိုင်းသို့ သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းသို့ သွားလာချိန် ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ချောက်ချောင်းရွာက နေအိမ်တစ်လုံး လက်နက်ကြီးကျည်စထိမှန်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ တိုက်ပွဲဖြစ်သလိုပဲ ပစ်ပြီးဆင်းလာကြတာ။ ပစ်နေတဲ့အချိန် အိမ်အောက်မှာ ပုန်းနေကြရတယ်။ ဘာလို့ပစ်မှန်းတော့မသိဘူး” ဟု ပြင်းဖြူကြီးကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ လက်နက်ကြီးကျည်စထိမှန်သည့် နေအိမ်အနည်းငယ်ထိခိုက်မှုရှိပြီး အဝတ်ဗီဒိုမီးစွဲလောင်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့ပစ်ခံရရင်လည်း […]

ထားဝယ် ကျောက်ထုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ရှစ်ဦးဖမ်းမိ

Dawei Watch

January 26, 2024

ထားဝယ်မြို့နယ် ဘန်းချောင်းဒေသက ကျောက်ထုစစ်ဆင်ရေးအခြေကုတ်စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့် အတူ စစ်ကောင်စီတပ်သား ရှစ်ဦးကို အရှင်ဖမ်းမိကြောင်း KNLA တပ်ရင်း (၂၇)နှင့် တပ်ရင်း (၁၂) က တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ ကျောက်ထုစခန်းကို ဇန်နဝါရီလ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် စတင်တိုက်ခိုက်ခဲ့ပြီး တစ်ရက်အကြာ ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။ ကျောက်ထုစခန်းမှာ တနင်္သာရီတိုင်းတွင် တော်လှန်ရေးတပ်များက ပထမဆုံးအကြိမ် သိမ်းယူနိုင်ခဲ့သည့် စခန်းဖြစ်သည်။ “စကစဘက်က ၁၅ ယောက်သေဆုံးတယ်။ ကျွန်တော်တို့ ဖမ်းမိတာကတော့ ၈ ယောက်ပေါ့။ သူ့ရဲ့ မိန်းမတယောက်ပါဆို ၉ ယောက်ပေါ့။ လက်နက်ခဲယမ်းကတော့ ကျွန်တော်တို့ […]

ကံပေါက်ဒေသတွင် နေအိမ်ငါးလုံးထက်မနည်းရှာဖွေခံရပြီး ဒေသခံလေးဦးဖမ်းဆီးခံရ

Dawei Watch

January 24, 2024

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာရှိ ရပ်ကွက်နှစ်ခုတွင် နေအိမ် ငါးလုံးထက်မနည်းကို မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများ ဝင်ရောက်ရှာဖွေခဲ့ပြီး ဒေသခံလေးဦး ဖမ်းဆီးခံရကြောင်း ရွာသားများက ပြောသည်။ ဇန်နဝါရီလ ၂၃ ရက် သန်းခေါင်ယံချိန်က မြသီတာရပ်ကွက်နှင့် မိကျောင်းအိုင်ရပ်ကွက်တို့ကို ဝင်ရောက် ရှာဖွေဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မိကျောင်းအိုင်ရပ်ကွက်ရှိ လမ်းမတန်းရပ်ကွက်ခွဲတွင်နေထိုင်သည့် အလှပြုပြင်ရေးနှင့် မင်္ဂလာဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင် သည့် ကိုတိုးတိုးအောင်နှင့် မထိုက်ထိုက်ဇင်မင်းတို့ ဇနီးမောင်နှံနှစ်ဦးနှင့် မိကျောင်းအိုင်ရပ်ကွက်တွင် နေထိုင်သည့် ဦးကိုကိုဦးနှင့် ဇနီးတို့နှစ်ဦး စုစုပေါင်းလေးဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။ “အိမ်ကို အရင်ဝင်ဝိုင်းလိုက်တယ်။ ပစ္စည်းတွေကို ရှာဖွေတာတော့ မဟုတ်ဘူး။ မိနစ် ၃၀လောက်မေးမြန်းပြီးမှ ဦးကိုကိုဦးရဲ့ ဇနီးကို ခေါ်သွားမယ်ဆိုပြီးပြောလို့ ဦးကိုကိုဦးက လိုက်သွားတယ်။ အိမ်မှာရှိတဲ့ဖုန်းတွေတော့ အကုန်ယူသွားတယ်။ ကလေး ကြည့်တဲ့ […]

လောင်းလုံး ကျောက်ဆင်ရွာတွင် ယာဉ်တိုက်မှုဖြစ်ပြီး နှစ်ဦးသေ၊နှစ်ဦးဒဏ်ရာရ

Dawei Watch

January 24, 2024

လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် ယနေ့(ဇန်နဝါရီ ၂၄) ညနေ ၅ နာရီဝန်းကျင်ခန့်က ဆိုင်ကယ် နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ကျောက်ဆင်ရွာအဝင် စာသင်ကျောင်းအနီးတွင် တိုက်မိခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ကျွန်တော်မြင်တဲ့အချိန် တစ်ယောက်က ဆိုင်ကယ်အောက်မှာပိနေတာ ကျန်တဲ့ သုံးယောက်က ဆိုင်ကယ်ဘေးမှာ လဲနေကြတယ်။ ပိနေ‌တဲ့ တစ်ယောက်က မလှုပ်တော့ဘူး”ဟု ၎င်းကပြောသည်။ ဆိုင်ကယ်တိုက်မှုကြောင့် အသက် ၂၀ ကျော်အရွယ်ရှိ ကရင်ကြီးရွာသား ကိုစုစုလေးနှင့် မောင်းမကန် ရွာသားတစ်ဦးမှာ အခင်းဖြစ်ရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။ ဒဏ်ရာရသူ နှစ်ဦးအနက် တစ်ဦးမှာ အပြင်းထန်ဒဏ်ရာရရှိထားပြီး ဆေးကုသမှု ခံယူနေကြောင်းလည်း သိရသည်။

ထားဝယ်တွင် ကွမ်းသီးခြောက် တစ်ပိဿာ လေးထောင်ကျော် အထိစျေးမြင့်

Dawei Watch

January 23, 2024

ထားဝယ်တွင် ကွမ်းသီးခြောက်တစ်ပိဿာ ကျပ်လေးထောင်ကျော်အထိ ဖြစ်လာကြောင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းများထံမှသိရသည်။ ဇန်နဝါရီ ပထမပတ်တွင် ကွမ်းသီးခြောက်တစ်ပိဿာ ကျပ် ၂၇၀၀ ခန့်သာရှိရာမှ ယခု ဇန်နဝါရီလ တတိယအပတ်တွင် ကျပ် ၄၀၀၀ ကျော်အထိ တဖြည်းဖြည်း ဈေးတက်လာသည်။ “အရင်ပတ်က ပြောသလိုပါပဲ ပြည်တွင်းသိုလှောင်မှု ဝယ်လိုအားကြောင့်ပါ ကုန်သည်တွေကလည်း အဲဒီအပေါ်မှာလိုက်ဝယ်ကြတဲ့ သဘောရှိတယ် “ဟု ထားဝယ်မြို့ရှိ ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ သို့သော် တောင်သူအများစုမှ ယခုနှစ် ကွမ်းသီးဈေး စတက်ချိန်တွင် ရောင်းချထားပြီး ဖြစ်သောကြောင့် တောင်သူများ၏ လက်ဝယ်တွင် ကွမ်းသီးလက်ကျန် နည်းပါးနေပြီဖြစ်ကြောင်း ရေဖြူမြို့နယ်ရှိ ကွမ်းသီးစိုက်တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “မနှစ်က တစ်ပိဿာ ၁၅၀၀ လောက်ပဲရှိတာ မရောင်းဘူး ထားထားတယ်။ အခုနှစ် ၁၁ လပိုင်းကုန်လောက်က […]