DGRF တပ်ဖွဲ့ဝင် ၇၀နီးပါးက နုတ်ထွက်ပြီး ဗထူးတပ်မတော်သို့ ဝင်ရောက်ဟုဆို
Dawei Watch
January 16, 2024အမျိုးသားညီညွတ်ရေးအစိုးရ ကွပ်ကဲမှုအောက်ရှိ ပကဖအဖွဲ့ဝင်တစ်ခုဖြစ်သည့် ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF က တပ်ဖွဲ့ဝင် ၆၇ ဦး နုတ်ထွက်သွားကြောင်း ယင်းတပ်ဖွဲ့က ဇန်နဝါရီလ ၁၅ရက်က သတင်းထုတ်ပြန်သည်။ DGRF တပ်ဖွဲ့က ရဲဘော်နွန်ဖား ဦးဆောင်သော တပ်ခွဲ (၂) က ရဲဘော် ၂၅ ဦး၊ ရဲဘော်အာနိုးဦးဆောင်သော တပ်ခွဲ (၃) က ရဲဘော် ၅ ဦး၊ ရဲဘော်ဘိုးတော်ဦးဆောင်သော တပ်ခွဲ (၄) မှ ရဲဘော် ၃၇ဦး၊ စုစုပေါင်း ရဲဘော် ၆၇ ဦးသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် နုတ်ထွက်သွားကြောင်း ဖော်ပြသည်။ နုတ်ထွက်သွားသည့် ရဲဘော်များမှာ ဗထူးတပ်မတော်သို့ ဝင်ရောက်သွားခြင်းဖြစ်ပြီး ယခင်ကတည်းက ဗထူးစစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းကာ […]


