စစ်ကောင်စီက ကံပေါက်တိုက်နယ်တွင် ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်
Dawei Watch
February 10, 2024ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာအုပ်စု ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု နှင့် ဖောင်းတောကျေးရွာအုပ်စုတို့တွင် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း ဖမ်းဆီးခံရသူ ၄ ဦးအထိရှိပြီး စစ်ဆေးတင်းကြပ်မှုလည်း ယခင်ကထက်ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများထံကသိရသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ တစ်ညတည်းတွင်ပင် အုန်းပင်ကွင်းရွာတွင် စားသောက်ဆိုင်ဖွင့်လှစ်ထားသည့် ကိုကျော်ဇင်နှင့် ၎င်း၏ဇနီး ၊ဖောင်းတောရွာမှ ကိုထွန်းပိုင်နှင့်ဇနီးဖြစ်သူမလဲ့ချို စုစုပေါင်း လေးဦး အဖမ်းခံခဲ့ရသည်။ “ကိုကျော်ဇင်တို့လင်မယားနဲ့ ကိုထွန်းပိုင်တို့လင်မယား အဖမ်းခံရတာ ၅ရက်လောက်တောင်ရှိပြီ။ အခုထိတော့ပြန်မလွတ်လာသေးဘူး“ ဟု အုန်းပင်ကွင်းရွာသားတစ်ဦးက ပြောသည်။ အဆိုပါ အဖမ်းခံရသူလေးဦးစလုံးကို မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများ လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရသည့်အကြောင်းအရင်းကိုမသိရသေးပေ။ ဖေဖော်ဝါရီလ ၆ ရက် ညကလည်း ကံပေါက်ရွာတွင် နေအိမ်တစ်လုံးကိုမောရဝတီရေတပ်စစ်သားများလာရောက်ရှာဖွေခဲ့သေးကြောင်း ရွာသားများကပြောသည်။ ကံပေါက်တိုယ်နယ် နှင့် နဘုလယ်တိုက်နယ် ကို တိုက်ရိုက်သွားလာနိုင်သည့် ကံပေါက်- […]


