ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

အသံတိတ်သပိတ်နေ့ ဆိုင်ပိတ်သည့် ထားဝယ်က ရွှေဆိုင်နှင့် ကုန်စုံဆိုင်ပိုင်ရှင်များကို စစ်ကောင်စီက ခံဝန်ထိုးခိုင်း

Dawei Watch

February 2, 2024

စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့်အနေဖြင့် အသံတိတ်သပိတ်ပြုလုပ်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဆိုင်ပိတ်ထားသော ထားဝယ်မြို့က ရွှေဆိုင်ပိုင်ရှင်အချို့နှင့် ကုန်စုံဆိုင်ရှင်အချို့ကို စစ်ကောင်စီက ခံဝန်ထိုးခိုင်းခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်စည်ပင်သာယာဈေးကြီးရှိ ဆိုင်ပိတ်ထားသည့် ရွှေဆိုင်တစ်ဆယ်ကျော်နှင့် အနီးဝန်းကျင်ရှိ ကုန်စုံဆိုင်ရှင်အချို့ကို ယင်းနေ့ နေ့လယ်ပိုင်းတွင်ပင် စစ်ကောင်စီက ခေါ်ယူပြီး ခံဝန်ထိုးခိုင်းသည်ဟု သိရကြောင်း ဈေးနှင့် နီးစပ်သူများက ဆိုသည်။ မြို့နယ်ထွေအုပ်ရုံးသို့ ဆင့်ခေါ်ကာ စစ်ကောင်စီအရာရှိ ၆ ဦးက ဆိုင်ရှင်တစ်ဦးချင်းကို အမှုစစ်သကဲ့သို့ စစ်ဆေးပြီးနောက် ခံဝန်ထိုးခိုင်းသည်ဟုသိရကြောင်း ဈေးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ “ကိုယ့်ဆိုင်ကို ဖွင့်ချင်ဖွင့်မယ် ပိတ်ချင်ပိတ်မယ်လေ။ အဲဒါကို ပြစ်မှုကြီးလုပ်သလို အရာရှိခြောက်ယောက်က ထိုင်ပြီး စစ်တယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။ ပိတ်ထားသည့် ဆိုင်ပိုင်ရှင်များကို ခံဝန်ထိုးခိုင်းသလို ဆိုင်ရှင်အချို့ကို […]

ထားဝယ်ခရိုင်တွင် မနက်ဖြန် လျှပ်စစ်ဓာတ်အား ၅ နာရီကြာ ပြတ်တောက်မည်

Dawei Watch

February 2, 2024

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် မနက်ဖြန် လျှပ်စစ်ဓာတ်အား ၅ နာရီကြာ ပြတ်တောက်မည် ဖြစ်ကြောင်း ထားဝယ်ခရိုင်လျှပ်စစ်ဖြန့်ဖြူရေးလုပ်ငန်း က အသိပေးထားသည်။ ကံပေါက် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံမှ ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ် လျှက်ရှိသည့် ဓာတ်အားတိုင်မှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ ပိုက်လိုင်း ဧရိယာနှင့် မလွတ်ကင်းသောကြောင့် ဓာတ်အားတိုင် ပြောင်းရွှေ့ တည်ဆောက်မည်ဖြစ်ကြောင်း ဖော်ပြသည်။ ယင်းသို့ ပြောင်းရွှေ့တည်ဆောက်ချိန် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်း ယင်းလုပ်ငန်းက ထုတ်ပြန်အသိပေးထားသည်။ ထားဝယ်တွင် ယခုလပိုင်းအတွင်း နှစ်ရက်ခြား၊ သုံးရက်ခြား ညနေပိုင်းတွင် ကြိုတင်အသိမပေးဘဲ အချိန်ပိုင်း မီးပျက်လေ့ရှိနေကြောင်း မြို့ခံများက ပြောသည်။ […]

လောင်းလုံးက Non-CDM ဝန်ထမ်းနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးထား

Dawei Watch

February 2, 2024

ဇန်နဝါရီလ ၃၀ ရက်နေ့ကဖြစ်ပွားခဲ့သည့် လောင်းလုံး‌မြို့ပေါ်တိုက်ပွဲတွင် Non-CDM ဝန်ထမ်းနှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ မြို့ခံများ၏အဆိုအရ ဖမ်းဆီးခံရသူနှစ်ဦးမှာ မြို့နယ်စာရင်းစစ်ရုံးမှ ဝန်ထမ်းများဖြစ်သည်ဟုဆိုသည်။ အဆိုပါဝန်ထမ်းနှစ်ဦးမှာ စာရင်းစစ်ရုံး ဝန်ထမ်းအိမ်ရာတွင် ရှိနေချိန် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူကလည်း Non-CDM ဝန်ထမ်းနှစ်ဦးကို ဖမ်းခေါ်သွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။ သို့သော် အသေးစိတ်အခြေအနေကိုမူ ပြောဆိုခြင်းမရှိသေးဘဲ တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ Dawei Watch ၏ သီးခြားစုံစမ်းချက်အရ ဖမ်းဆီးခံရသူများမှာ မြို့နယ်စာရင်းစစ်ရုံးမှ အသက် ၅၀ ကျော်အရွယ် ဒုဦးစီးမှူး ဒေါ်မေနွဲ့နှင့် အခြားဝန်ထမ်းတစ်ဦးဖြစ်‌ကြောင်း သိရသည်။ ယင်းနေ့က လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံး နှင့် […]

လောင်းလုံးတွင် တိုက်ပွဲများကြောင့် စွန်တောင်ပေါ်ဆရာတော်စျာပန ရှေ့တိုးကျင်းပမည်

Dawei Watch

February 1, 2024

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ စွန်တောင်ပေါ်ရွာ သာသနာ့လင်္ကာရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒဝံသ မထေရ်၏ အန္တိမအဂ္ဂိစျာပနအခမ်းအနား မီးပူဇော် (သင်္ဂြိုဟ်) မည့်ရက်ကို နယ်မြေအနေအထားအရ ရှေ့တိုးကျင်းပမည် ဖြစ်ကြောင်း စျာပနကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။ မီးပူဇော်မည့်ရက်ကို မူလက ဖေဖော်ဝါရီလ ၅ ရက်တွင် ကျင်းပရန်ကြေညာထားပြီး စျာပနကျင်းပရေး ကော်မတီ၏ ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ ၃ ရက်တွင် ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း ယနေ့တွင် ထပ်မံကြေညာသည်။ “ဘုန်းကြီးပျံဆို ထုံးစံအတိုင်းက ခုနစ်ရက် တစ်ပတ်ထားကြတယ်။ အခုကမြို့နယ်အထဲမှာ (လောင်းလုံးမြို့နယ်) လည်း ကြားနေရတာ သိတဲ့အတိုင်းပဲ။ အဲဒါကြောင့် စျာပနကော်မတီကတော့ အကြောင်းအမျိုးမျိုးကြောင့်ဆိုပြီး စျာပနကို ၅ ရက်တည်း ကျင်းပဖို့ဆုံးဖြတ်လိုက်တယ်” ဟု စျာပနကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။ ဆရာတော်သည် သက်တော် ၅၉ နှစ် ၊ […]

ရေဖြူ မင်းသားရွာ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့အား KBDF သတိပေး

Dawei Watch

January 31, 2024

ရေဖြူမြို့နယ်၊ မင်းသားရွာတွင် ခဲသတ္တုတူးဖော်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုထားသည့် အုပ်ချုပ်ရေးမှူးနှင့် လူအင်အား အသစ်စုဆောင်းနေသည်ဟုဆိုကာ ပြည်သူ့စစ်အဖွဲ့တို့ကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ ၄) က သတိပေးချက်ထုတ်ထားသည်။ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်တို့ကို ဇန်နဝါရီလ ၂၆ ရက်က စာထုတ်ပြန်သတိပေးထားခြင်းဖြစ်သည်။ “သတ္တုလုပ်တာနဲ့ ပတ်သက်ပြီး ဒေသခံတွေမှာ နစ်နာတာရှိတယ်။ ရေချိုချောင်းတွေ ပျက်စီးသွားတာမျိုးပေါ့။ စာမထုတ်ခင် ဆယ်ရက်လောက်ကတော့ ဖုန်းနဲ့သတိပေးတယ်။ နောက်ပိုင်းဖုန်းဆက်တာ မကိုင်ရဲတော့လို့ အခုလိုစာထုတ် သတိပေး လိုက်တာပါ” ဟု ဒေါနတပ်ခွဲ ၄ က တာဝန်ရှိသူတစ်ဦးက ပြောသည်။ မင်းသားရွာအပါအဝင် ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအများစုတွင် ခဲသတ္တုတူးဖော်သည့်လုပ်ငန်းများ လုပ်ကိုင်ကြပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူနေထိုင်သည့် ရပ်ရွာများအနီးအထိ သတ္တုလုပ်ကွက်များတိုးချဲ့လာကြောင်း ဒေသခံတို့က ပြောဆိုသည်။ “အရင်က မိုင်းတွေ (သတ္တုလုပ်ကွက်) မရှိဘူး […]

၂နှစ်ကျော်ကြာ တပ်စွဲထားသည့် စော်ဖျားစစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့မီးရှို့

Dawei Watch

January 31, 2024

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် စစ်ကောင်စီတပ်က ၂ နှစ်ကျော်ကြာတပ်စွဲထားသည့် စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ စော်ဖျားကျေးရွာတောင်ပိုင်း ဘုရားကုန်းတွင် အင်အားဆယ်ဂဏန်းဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ယနေ့ ဇန်နဝါရီလ ၃၁ နံနက်ပိုင်းက စခန်းကို စွန့်ခွာသွားခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဒီနေ့ မနက် ၇ နာရီလောက်မှာ ‌သူတို့တွေ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ) က မြေသယ်ကားတစ်စီးနဲ့ ရွာကထွက်သွားကြတယ်။ ကားပေါ်မှာတော့ အယောက် ၃၀ လောက်ပါတယ်။ ရှိတဲ့ပစ္စည်းတွေပါသယ်ပြီးထွက်သွားကြတာ” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စခန်းစွန့်ခွာသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ Dawei Watch က ရရှိထားသည့် ရုပ်သံမှတ်တမ်းတစ်ခုတွင်လည်း စော်ဖျားစစ်ကောင်စီစခန်းထဲမှ မီးခိုးလုံးများ […]

ထားဝယ်မြို့နယ်၊ ဝကုန်းရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

January 31, 2024

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ဝကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဇန်နဝါရီလ ၂၇ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ နေ့လယ်မှ ညနေ ၄ နာရီခန့်အထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ၃ ကြိမ်ခန့်ဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ပူးပေါင်းတပ်တွေဘက်ကတော့ ထိခိုက်မှုမရှိဘူး။ သူတို့ဘက်ကတော့ ရှိနိုင်တယ်” ဟု တာဝန်ရှိသူက ပြောသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် ဝကုန်းရွာထဲမှ အသက်ကြီးပိုင်း(အသက် ၆၀ ဝန်းကျင်) လင်မယားနှစ်ဦး၏ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့သည်ဟု ဝကုန်းရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းအပြင် […]

အရှေ့တောဒေသတွင် ဖမ်းဆီးခံရသည့် PDF တစ်ဦးကို စစ်ကောင်စီပစ်သတ်

Dawei Watch

January 31, 2024

အရှေ့တောဒေသကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပခပ်ကျေးရွာလမ်းပိုင်း တစ်နေရာ၌ PDF ရဲဘော်တစ်ဦးကို ဖမ်းဆီးမိခဲ့ပြီး ပစ်သတ်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဖမ်းဆီးသတ်ဖြတ်ခံရသည့် PDF ရဲဘော်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း-T1 မှ ရဲဘော်နွဲ့ဆိုးဖြစ်သည်ဟု ယင်းအဖွဲ့က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်းတွင် ကွမ်းသီးလုပ်နေသည့် ပခပ်ရွာသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး ကျေးရွာလမ်းပိုင်းတစ်နေရာတွင် ဆိုင်ကယ်စီးလာသည့် PDF ရဲဘော်နွဲ့ဆိုးကို ထပ်မံဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ “PDF ရဲဘော်ကိုတော့ ရိုက်နှက်ထိုးကြိတ်ထားတာတွေရှိတယ်၊ ပြီးမှပစ်သတ်လိုက်တာ၊ ရွာခံသားနှစ်ယောက်ကိုတော့ ရိုက်နှက်တာမရှိဘူး၊ ရိက္ခာသယ်ခိုင်းတာတွေတော့ရှိတယ်” ဟု ပခပ်ကျေးရွာက အမျိုးသားတစ်ဦးက ပြောသည်။ ညနေ […]