လောင်းလုံးတွင် မြေကြီးတူးရာမှ သစ်ငုတ်ပိ၍ လူတစ်ဦးသေဆုံး
Dawei Watch
February 20, 2024လောင်းလုံးမြို့နယ် ဂေါ့အင်းရွာတွင် ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက မြေကြီးတူးရာမှ သစ်ငုတ်ပိပြီး အသက် ၆၀ ဝန်းကျင်အရွယ်အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ နံနက်၈နာရီခန့်တွင် ဂေါ့အင်းရွာ ကျွဲဒိုင်မော်အပိုင်းတွင် ဦးဝင်းအပါအဝင် မိသားစုသုံးဦး မြေကြီးတူးရာမှ မြေကုန်း ပေါ်ရှိ သစ်ငုတ်မှာအရှိန်ဖြင့် ပြိုဆင်းလားပြီး ဦးဝင်း၏ ခန္ဓာကိုယ်ပေါ်ပိသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သစ်ခေါင်း(ငုတ်) က ဗိုက်ပေါ်တည့်တည့် လာပိတာ” ဟု ၎င်းက ပြောဆိုသည်။ ဦးဝင်းသည် သစ်ငုတ်ပိသည့် ဒဏ်ရာဖြင့် နာရီပိုင်းအတွင်း သေဆုံးသွားပြီး အလောင်းကို အရေးပေါ်ကားဖြင့်နေအိမ် သယ်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ သေဆုံးသူ အပါအဝင်မိသားစုသည် ဂေါ့အင်းရွာအောက်ပိုင်းတွင် နေထိုင်ကြပြီး ထော်လာဂျီဖြင့် မြေကြီးများကို လိုက်လံ ဝယ်ယူပြီး ကိုယ်တိုင်တူးကာ […]


