တိုက်ပွဲကြောင့် ထားဝယ်အရှေ့တောဒေသရှိ ကျေးရွာတစ်ဆယ်ကျော်က ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရ
Dawei Watch
February 24, 2024တိုက်ပွဲကြောင့် ထားဝယ်အရှေ့တောဒေသရှိ ကျေးရွာတစ်ဆယ်ကျော်က ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၁၇ ရက်ကစပြီး ၂၃ ရက်နေ့အထိ ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။ နှစ်ဖက်တိုက်ပွဲနှင့် လက်နက်ကြီး၊ လေကြောင်းရန်ကိုကြောက်သဖြင့် ပခပ်၊ ရမ္မဇူ၊ လိပ်ကြယ်ပြောင်၊ သရက်ငုတ်၊ ဝကုန်း၊ ကျောက်မဲတောင်၊ ဟိန္ဒား၊ မေတ္တာကျေးရွာအုပ်စုရှိ ကျေးရွာတစ်ဆယ်ကျော်က ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။ “ကျွန်မတို့လည်း အခုတခြားကိုရောက်နေတယ်။ လက်နက်ကြီးအစစင်တဲ့ အိမ်တွေကတော့ သုံးဆောင်ရှိတယ်။ မနက်ကလည်း လက်နက်ကြီးပစ်သံ ကြားရသေးတယ်” ဟု မေတ္တာရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်နေသည့် အဓိကနေရာက ကျေးရွာများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ကျန်သည့်ရွာက ဒေသခံများလည်း နေရာရွှေ့ပြောင်းကြကြောင်း ပခပ်ရွာက ဒေသခံအမျိုးသားတစ်ဦးက […]


