အရှေ့တောဒေသက စရဖတပ်ဖွဲ့ဝင်နှစ်ဦး KNLA ထံ လက်နက်ချ၊ ဝန်ထမ်း ၃ ဦးလည်း လာရောက်ခိုလှုံ
Dawei Watch
February 28, 2024မေတ္တာနယ်မြေရဲစခန်းက စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ)နှစ်ဦး KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)ထံ လက်နက်ချခဲ့ပြီး စစ်ကောင်စီဝန်ထမ်းသုံးဦးလည်း လာရောက်ခိုလှုံခဲ့ကြောင်း KNLA ထံမှသိရသည်။ စရဖတပ်ဖွဲ့က တပ်ကြပ်ကြီးအဆင့်ရှိ ကိုအောင်အောင်နှင့် တပ်သားအဆင့်ရှိ ကိုဝဏ္ဏဇော်တို့ နှစ်ဦးအပါအဝင် မေတ္တာမြို့စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းသုံးဦးတို့ ဖေဖော်ဝါရီလ ၂၅ ရက်ခန့်က KNLA ထံလာရောက် ခိုလှုံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ လက်နက်ချအညံ့ခံခဲ့သူများကို နောက်တန်းပို့ထားပြီး ရာထူးနှင့်အမည်စာရင်း အသေးစိတ်ကို မသိကြောင်း KNU တပ်မဟာ(၆) တပ်ရင်း(၂၇)နှင့် တပ်မဟာ(၄) KNLA တပ်ရင်း(၁၂)၏ တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ “သူတို့အဲ့ဒီမှာ နေဖို့ထိုင်ဖို့ သိပ်အဆင်မပြေလို့ကျွန်တော်တို့ဆီလာပြီးတော့ လက်နက်ချတာ။ သူတို့ကစစ်မတိုက်ချင်လို့ ပြီးတော့ ဒီလိုမျိုးအခက်အခဲတွေကို မလုပ်ချင်လို့ပေါ့နော်၊ စစ်ကောင်စီထဲမှာမနေချင်လို့ အဲ့လိုမျိုးလက်နက်ချတာပေါ့နော်” ဟု တပ်ရင်းမှူး စောမှူးဂေက ပြောသည်။ အင်အား […]


