လောင်းလုံးမြို့တွင် စစ်အာဏာရှင်တပ်သားအင်အားတစ်ရာကျော် ဖြည့်တင်း
Dawei Watch
October 30, 2025မကြာခဏ တိုက်ခိုက်ခံရသည့် လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်တပ်သား အင်အား တစ်ရာကျော် ဖြည့်တင်းထားကြောင်း မြို့ခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ဒုတိယပတ်တွင် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ မောရဝတီရေတပ် စခန်းမှ စစ်သင်္ဘောဖြင့် ထွက်ခွာလာပြီး ရေဖြူနှင့် လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့ကို တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးလာခဲ့သည်။ အောက်တိုဘာလ ၁၉ ရက်တွင် လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာ၏ အနောက်ဘက် ပင်လယ်ပြင်တွင် စစ်သင်္ဘော ရပ်နားကာ အင်အားတစ်ရာကျော်ပါသည့် အဆိုပါစစ်ကြောင်းမှာ ကုန်းပေါ်သို့ တက်လာခြင်းဖြစ်သည်။ ကုန်းလမ်းအတိုင်း စစ်ကြောင်းဆက်ထိုးရာ ကျောင်ဆင်ကျေးရွာအုပ်စု ကရင်ကြီးရွာနှင့် ကမ်းပနီကျေးရွာတို့တွင် တော်လှန်ရေးတပ်တို့နှင့် အောက်တိုဘာလ ၂၁ ရက်၊ ၂၂ ရက်တို့၌ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သည်။ လောင်းလုံးကျွန်းဆွယ် အနောက်ဘက် ပင်လယ်ပြင်ရှိ စစ်သင်္ဘော၏ လက်နက်ကြီး […]


