ထားဝယ်-မောင်မယ်ရှောင်လမ်းပိုင်းတွင် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရ၊ အမျိုးသားတစ်ဦးသေ
Dawei Watch
June 2, 2024ထားဝယ်မြို -မောင်မယ်ရှောင် လမ်းပိုင်းတစ်နေရာတွင် ဇွန်လ ၁ ရက်နေ့က ရေဖြူဘက်မှ မောင်းလာသည့် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။ သေဆုံးသူမှာ စစ်ကောင်စီတပ်ရင်းတစ်ခုမှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးဖြစ်ကြောင်း တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောဆိုကြသည်။ အဆိုပါအိမ်စီးကားမှာ ရေဖြူဖက်မှ ထားဝယ်ဖက်သို့ မောင်းနှင်လာပြီး မောင်မယ်ရှောင်ရွာအထွက် လမ်းပိုင်းတစ်နေရာတွင် ကားတစ်စီးလုံးမှာသေနတ်ကျည်ဆန် ပေါက်များစွာဖြင့် သစ်ပင်တိုက်ကာ တိမ်းမှောက်နေသည်ကိုတွေ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။ အဆိုပါအိမ်စီးကားပေါ်လိုက်ပါလာသည်ဟု ယူဆရသည့်အသက် ၄၀ အရွယ်ရှိအမျိုးသားမှာ လမ်းပေါ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေရကြောင်း ဒေသခံခရီးသွားတစ်ဦးကပြောသည်။ “ကားက သစ်ပင်တိုက်ပြီး မှောက်နေတယ် လူကတော့ အပြင်မှာ သေနေတာ တွေ့ရတယ်” ဟု ၎င်းကပြောသည်။ သို့သော် သေဆုံးသူမှာ စစ်ကောင်စီ အရာရှိ ဟုတ်မဟုတ်နှင့် မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့သည်ဆိုခြင်းကို […]


