အန္တရာယ်ဖြစ်နိုင်သည့်လက်နက်များအကြောင်း ပညာပေးပိုစတာ စာသင်ကျောင်းများတွင် စိုက်ထူမည်
Dawei Watch
June 7, 2024တနင်္သာရီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများတွင် ပေါက်ကွဲစေတတ်သည့် ဗုံးအပါအဝင် စစ်ကျန်လက်နက်များအကြောင်း ပညာပေးပိုစတာများ စိုက်ထူရန် စီစဉ်နေကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ဇွန်လ ၄ ရက်နေ့က ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် စစ်ကျန်ဗုံးပေါက်ကွဲခဲ့ပြီး တတိယတန်း ကျောင်းသားတစ်ဦးသေဆုံးကာ အခြား ကျောင်းသူ၊ ကျောင်းသား ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကျန်လက်နက်များအကြောင်း ပညာပေးပိုစတာများ စိုက်ထူရန် စီစဉ်လာခြင်းဖြစ်သည်။ “ပေါက်ကွဲတတ်တဲ့ လက်နက်တွေနဲ့ပတ်သတ်တဲ့ ပညာပေး ပိုစတာတွေထုတ်ပြီး ကပ်မလို့ စီစဉ်နေတယ်။ အခုပုံတွေ ထုတ်မလို့ လုပ်နေတယ်” ဟု တိုင်းပညာရေးမှူး ဦးဝင်းနောင်က ပြောသည်။ ပေါက်ကွဲစေနိုင်သည့် လက်နက်များနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက ဆရာ၊ ဆရာမများကို ကြိုတင်ပညာပေး အစီအစဉ်လုပ်ထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ […]


