သီတင်းကျွတ် အလှဆင်ပစ္စည်းများ အရောင်းပါး
Dawei Watch
October 16, 2024သီတင်းကျွတ်ကာလ အလှဆင်သည့် လျှပ်စစ်မီးသီးများနှင့် လက်လုပ်မီးအိမ်များ ယခုနှစ်တွင် အရောင်းပါးနေသည်ဟု သီတင်းကျွတ်အလှဆင်ပစ္စည်း ရောင်းချသူများက ပြောသည်။ “ရောင်းရတာ အားမရဘူး ။ သီတင်းကျွတ် ပထမနေ့မှာတောင် ရောင်စုံမီးကုံး ၂၀ ပဲရောင်းရသေးတယ်။ အရင်နှစ်တွေကဆို ရောင်းအားကောင်းလို့ ဆိုင်ရှေ့မှာ ထွက်ခင်းထားပေးရတယ်။ လမ်းသွားလမ်းလာမှန်သမျှဝယ်တယ်” ဟု ထားဝယ်မြို့က လျှပ်စစ်ပစ္စည်း လက်လီလက်ကား ဆိုင်ရှင်ကပြောသည်။ နယ်ကျေးရွာအချို့တွင်လည်း နယ်မြေအခြေအနေ မတည်ငြိမ်သဖြင့် နေရပ်စွန့်ရသူများလာပြီး နေအိမ်တွင် သီတင်းကျွတ်ကာလ မီးအလှဆင်သူ နည်းလာသဖြင့် နယ်ဘက်သို့ တင်ပို့ရောင်းရမှုလည်း နည်းလာကြောင်း ၎င်းကဆိုသည်။ ယခုနှစ် နေအိမ်များတွင် မီးအလှဆင်ရန်ဝယ်သူနည်းပြီး ရုံး၊ဘဏ်၊ဟိုတယ်နှင့်ဌာနဆိုင်ရာစသည့် မဖြစ်မနေ မီးအလှဆင်ရမည့် နေရာများကသာ အဝယ်များကြောင်း ၎င်းကဆက်ပြောသည်။ အလှဆင်မီးစျေးနှုန်းများလည်း မြင့်တက်သွားပြီး ယခင်နှစ်က ကျပ်တစ်ထောင်ကျော်သာရှိသည့် လျှပ်စစ်အလှဆင်မီးကုံးများမှာ ယခုနှစ်တွင် ကျပ် […]


