ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရန် လှုံဆော်

Dawei Watch

March 8, 2025

ယနေ့ တိုက်ပွဲဖြစ်ပွားနေသည့် လောင်းလုံးမြို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရန် စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်တစ်ခုက လှုံဆော်ရေးသားလျက်ရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်တို့က လောင်းလုံးမြို့ကို ယနေ့ မတ်လ ၈ ရက် နံနက်ပိုင်းမှစပြီး ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ နှစ်ဖက်ပစ်ခတ်သံများ ထွက်ပေါ်နေဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ထိုသို့ ဝင်ရောက်တိုက်ခိုက်နေချိန် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် အမဲလိုက်မုဆိုးကြီး သတင်းအမှန် ချယ်နယ်က လောင်းလုံးမြို့ပေါ်ကို လေကြောင်းဖြင့် ဗုံးကြဲရန် လှုံဆော်ရေးသားဖြန့်ချိနေသည်။ လောင်းလုံးမြို့ အထက်တန်းကျောင်း ခပ်လှမ်းလှမ်းရှိ ဝတ်တက်ကျောင်းနေရာ၊ ညောင်ပင်ကြီးလမ်းဆုံနေရာများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရန် Google Maps တွင် တည်နေရာဖော်ပြပြီး လှုံဆော်ရေးသားနေခြင်းဖြစ်သည်။ ယင်းအပြင် လောင်းလုံးမြို့နှင့် ထိစပ်နေသည့် ဝေဒီ၊ စစ်ပြဲ၊ လေးသွန်းခံအပြင်၊ သပြေရှောင်ကျေးရွာများကိုလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရန် လှုံဆော်ဖြန့်ဝေလျက်ရှိနေသည်။ စစ်ကောင်စီတပ်က […]

ရေဖြူတံတားစစ်ဆေးရေးဂိတ်တွင် ပစ်ခတ်မှုဖြစ်

Dawei Watch

March 7, 2025

ထားဝယ်မြစ်၏အရှေ့ဘက် ရေဖြူမြို့ပေါ်ရှိ ရေဖြူတံတားစစ်ဆေးရေးဂိတ်တွင် ယနေ့ ပစ်ခတ်မှုဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ မတ်လ ၇ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ကြောင်း မြို့ခံများက ပြောသည်။ “လက်နက်ကြီးတွေရောပဲ၊ မိနစ်သုံးဆယ်လောက်ကြာမယ်၊ အပြန်အလှန်ပစ်‌ကြတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့ တစ်ဖွဲ့ က တံတားအရှေ့ဘက်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်းကို လာရောက်တိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း မြို့ခံများက ပြောဆိုသည်။ ရေဖြူတံတားစစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၁၁ ရက်ကလည်း တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်၏ ကျောက်ကညာအခြေစိုက် အမြောက်တပ်က ပစ်ကူ‌ပေးသည့် လက်နက်ကြီးကျည် ထိမှန်ခြင်းကြောင့် ရေဖြူအနောက်ကမ်းရှိ နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့သည်။ သို့သော် ယနေ့ ပစ်ခတ်တိုက်ခိုက်မှုကို မည်သည့်တော်လှန်ရေးတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်နှင့် ထိခိုက်မှု […]

ထားဝယ်အရှေ့တောဒေသတွင် ထားဝယ်ခရိုင် PDF တပ်ရင်း (၁) စခန်းမီးရှို့ခံရ

Dawei Watch

March 7, 2025

ထားဝယ်အရှေ့တောဒေသ အညာဖျားရွာအနီးရှိ ထားဝယ်ခရိုင် PDF တပ်ရင်း (၁) စခန်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ ရေဝိုင်းရွာမှ ပကာရီရွာဘက်သို့ အင်အားရာနှင့်ချီသုံးကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် သင်္ကန်းတုံးရွာ၊ ရမ္မဇူရွာဘက်သို့ တောလမ်းအတိုင်း စစ်ကြောင်းနှစ်ကြောင်း၊ ဥယျာဉ်ကြီးရွာနှင့် အညာဖျားရွာဘက်သို့ စစ်ကြောင်း နှစ်ကြောင်း ဖြန့်ကျက်ထိုးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ မတ်လ ၇ ရက် ယနေ့ နံနက် ၈ နာရီခန့်တွင် အညာဖျားရွာအနီးရှိ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း (T1) စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး နံနက် ၁၀ နာရီဝန်းကျင်တွင် စခန်းကို မီးရှို့ဖျက်ဆီးကြောင်း ၎င်းတို့က ပြောဆိုသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာစဉ်ကတည်းက T1 စခန်းက တပ်ဖွဲ့ဝင်များ အခြားသို့ရွှေ့ထားသဖြင့် […]

ထားဝယ်မြို့တွင် ပုဂ္ဂလိက ဆေးရုံ သုံးရုံဆက်တိုက်ပိတ်

Dawei Watch

March 5, 2025

စစ်ကောင်စီက ပိတ်ခိုင်းသဖြင့် ထားဝယ်မြို့တွင် ပုဂ္ဂလိကဆေးရုံ သုံးရုံ ပိတ်ထားရကြောင်း ဆေးရုံဝန်ထမ်း အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။ ထားဝယ်မြို့သစ် (၄) လမ်းတွင် ဖွင့်လှစ်ထားသည့် ဆာဒိုဝါးဆေးရုံ၊ အေး ဆေးရုံနှင့် ကမြောကင်းလမ်းတွင် ဖွင့်လှစ်ထားသည့် မယ်ဒီလန်းဆေးရုံတို့ ပိတ်ထားခြင်းဖြစ်သည်။ အနည်းဆုံး နှစ်လမှ ရက်အကန့်အသတ် မရှိ ပိတ်ဖွယ်ရှိကြောင်း ဆေးရုံဝန်ထမ်းများထံမှ သိရသည်။ ဆာဒိုဝါးဆေးရုံသည် မတ်လ ၁ရက်ကစ၍ ပြင်ပလူနာ၊ အတွင်းလူနာ လက်ခံကုသခြင်းကို ရပ်နားထားပြီး ပြန်လည် ဖွင့်လှစ်မည့် နေ့ရက်ကိုမူ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။ အေး ဆေးရုံတွင် ဆေးရုံအတွင်း ပြင်ဆင်ဆောင်ရွက် ခြင်းများကြောင့် လူနာလက်မခံသေးကြောင်း ကြေညာထားသည်။ ထို့အတူ မယ်ဒီလန်း ဆေးရုံတွင်လည်း ဆေးရုံအတွင်း ပြင်ဆင်မွမ်းမံမည်ဟုဆိုကာ မတ်လ ၁ ရက်ကစ၍ လူနာလက်ခံကုသခြင်းများကို […]

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ငါးထောင်နီးပါးဖြေမည်

Dawei Watch

March 4, 2025

မတ်လ ၁၇ ရက်တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် တနင်္သာရီတိုင်းတွင် လျှောက်ထားသူ ငါးထောင်နီးပါးရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ တိုင်းအတွင်း လောင်းလုံးမြို့နယ်မှလွဲပြီး ကျန်သည့်မြို့နယ်တိုင်းတွင် စာစစ်ဌာနဖွင့်လှစ်စစ် ဆေးသွားမည်ဖြစ်ပြီး စုစုပေါင်း စာစစ်ဌာန ၁၆ ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လတ်တလောတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ၄၇၅၇ ဦးရှိပြီး ဖြေဆိုခွင့်လက်မှတ်များကိုလည်း ထုတ်ပေးထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဒီနှစ်ကတော့ ဖြေမယ့်သူတွေ ပိုများလာတယ်။ နယ်တွေမှာ ကျောင်းမတက်ရတော့ မြို့မှာ လာတက်တဲ့သူတွေ များလာကြ လို့‌ (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) ဖြေမယ့်သူတွေ တိုးလာတာပေါ့” ဟု အထက်ပါတာဝန်ရှိသူက ပြောကြားသည်။ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်လျှောက်ထားမှုမှာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းအမြင့်ဆုံး ဖြစ်သည်။ အာဏာမသိမ်းမီက တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းဝင်ရောက်‌ဖြေဆိုသူ နှစ်စဉ် […]

သရက်ချောင်းမြို့နယ် ဝင်းကဖော်ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

March 3, 2025

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်းက ဝင်းကဖော်ရွာကို စစ်ကောင်စီတပ်က ယနေ့ (မတ် ၃ ) မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံအချို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများကပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ လေယာဉ်တစ်စီးက ဝင်းကဖော်ရွာကို ဗုံးလာကြဲသွားခြင်းဖြစ်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကျောက်ခဲက ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ယောကျ်ားလေးတစ်ဦးအပါအဝင် အသက် ၆၀ ခန့်ရှိ အမျိုးသမီးကြီးတစ်ဦး၊ အသက် ၅၀ ခန့်ရှိ အမျိုးသားကြီးတစ်ဦး၊ အသက် ၄၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု ၎င်းကပြောသည်။ “လေးဦးထိခိုက်ဒဏ်ရာရတယ်၊ (၅၀ ခန့်ရှိအမျိုးသား) တစ်ယောက်ကတော့ နည်းနည်းစိုးရိမ်ရတယ်၊ ကျန်တဲ့လူတွေကတော့ နည်းနည်း ထိခိုက်တာလောက်ပဲ၊ ပေါင် […]

ကလိန်အောင်တွင် အစစ်အဆေးတင်းကြပ်

Dawei Watch

March 2, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ရှိ ရပ်ကွက်လေးခုတွင် နေအိမ်အတွင်းထိ ဝင်ရောက် စစ်ဆေးမှုများပြုလုပ်နေပြီး အစစ်အဆေးတင်းကြပ်နေကြောင်း မြို့ခံများထံသိရသည် ။ ရေး – ထားဝယ်ကားလမ်းမပေါ်ရှိ မြို့ပေါ်ရပ်ကွက်များအပြင် ရှင်ကိုးရှင် စာရင်းဝင် ဆံတော်ရှင် ဘုရားတည်ရှိသည့် အင်းပြားရွာတွင်လည်း ယင်းကဲ့သို့ အစစ်အဆေးတင်းကြပ်နေကြောင်း ၎င်းတို့က ဆိုသည် ။ “၁ ရက်နေ့(မတ်လ ၁ ရက်) က ကားလမ်းကို နေ့တစ်ဝက်ပိတ်ပြီး မြို့ထဲကအိမ်တွေရော ၊ အင်းပြားရွာထဲက အိမ်တွေရော စစ်သားတွေ နေ့ခင်းဘက် လိုက်စစ်နေတယ် ။ တစ်ခုခု သတင်းရထားလို့ ရှာသလိုမျိုး လိုက်စစ်နေတယ် ” ဟု ကလိန်အောင် မြို့ခံတစ်ဦး ကပြောပြသည် ။ ယင်းအပြင် ခမရ ၄၁၀ စစ်ကောင်စီတပ်ရင်း နှင့် တံတား […]

ထားဝယ်တွင် ၇ တန်းကျောင်းသူတစ်ဦး သုံးရက်ကြာအထိ ရှာမတွေ့

Dawei Watch

March 1, 2025

ထားဝယ်မြို့ စာမေးပွဲဖြေပြီးနောက် အိမ်ပြန်မလာဘဲ ထွက်သွားသည့် ၇ တန်းကျောင်းသူတစ်ဦး သုံးရက်ကြာသည်အထိ ရှာမတွေ့သေး ကြောင်း မိသားစုဝင်များကပြောသည်။ ပျောက်ဆုံးနေသူမှာ အသက် ၁၆ နှစ်အရွက်ရှိ မလှိုင်မိုးဝေဖြစ်ပြီး ထားဝယ်မြို့ ဥသာရံ စာသင်ကျောင်းတွင် ၇ တန်း တက်ရောက်နေသူဖြစ်ကြောင်းသိရသည်။ မလှိုင်မိုးဝေသည် ဖေဖော်ဝါရီလ ၂၇ ရက် နေ့လယ်ပိုင်းက ၇ တန်းစာမေးပွဲ နောက်ဆုံးနေ့ ဖြေပြီးချိန် ဦးလေးဖြစ်သူက ဥသာရံ ကျောင်းတွင်သွားကြိုစဉ် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း အဒေါ် ဖြစ်သူကပြောသည်။ “ဖြစ်ဖြစ်ချင်း ဖုန်းဆက်ရသေးတယ်။ သူ အပြင်မှပဲနေမယ် သူ့သူငယ်ချင်းတွေ နဲ့ အလုပ်လုပ်တော့မယ်လို့ ပြောပြီး ဖုန်ချပစ်လိုက်တယ်။ နေရာမေးတော့လည်းမပြောဘူး။ ဖုန်းဆက် လည်းမရတော့ဘူး သူ့သူငယ်ချင်းအချို့ ဆီမှာလည်း မရှိဘူး ကျောင်းနားပတ်ဝန်းကျင်က ရပ်ကွက်မှာ ကျွန်မတို့ရှာ နေတာလည်း […]