ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ဆေးရုံသုံးရုံ အပိတ်ခံထားရချိန် ထားဝယ်မြို့တွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များ

Dawei Watch

March 11, 2025

ထားဝယ်မြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံသုံးရုံ အပိတ်ခံထားရသည့်အချိန်တွင် မြို့ပေါ်တွင် ဝမ်းပျက်၊ ဝမ်းလျှောနှင့် ပါးချိတ်ရောင် (ဒေသအခေါ် ခွေးပါးရောင်) ရောဂါအဖြစ်များနေကြောင်း မြို့ခံများက ပြောသည်။ ပါးချိတ်ရောင်ရောဂါမှာ ဇန်နဝါရီလကတည်းက စတင်ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ ရောဂါကူးစက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ ဝမ်းပျက်ဝမ်းလျှောရောဂါမှာ မတ်လဆန်းပိုင်းမှ စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ Dawei Watch က ဆက်သွယ်မေးမြန်းခဲ့သည့် မိသားစုသုံးခုတွင် ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြကြောင်း ပြောသည်။ ယင်းအနက် မိသားစုတစ်ခုတွင်မူ ၎င်းတို့နေအိမ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် ပါးချိတ်ရောင်ရောဂါပါ မိသားစုဝင်အားလုံး တစ်ပြိုင်တည်းဖြစ်ပွားနေကြောင်း ပြောဆိုသည်။ ယင်းကဲ့သို့ ရောဂါပွားသူများနေသည့်အချိန် ထားဝယ်မြို့ရှိ မယ်ဒီလန်း၊ အေး၊ ဆာဒိုဝါး ပုဂ္ဂလိက ဆေးရုံသုံးရုံမှာ အပိတ်ခံထားရသဖြင့် လူနာလက်ခံကုသပေးနိုင်ခြင်း မရှိပေ။ ထိုကဲ့သို့ ဆေးရုံသုံးရုံ အပိတ်ခံထားရသဖြင့် […]

သရက်ချောင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသမီးနှစ်ဦးသေဆုံး

Dawei Watch

March 10, 2025

သရက်ချောင်းမြို့နယ်၊ ပန်းပြင်ရွာ၌ ယနေ့ မတ်လ ၁၀ ရက် ညနေပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးနှစ်ဦး သေဆုံးကြောင်း မြတ်ပါရမီပရဟိတအသင်း (သရက်ချောင်း) ထံမှ သိရသည်။ မြိတ်ဘက်မှ လာသည့် ကုန်တင်ယာဉ်နှင့် ထားဝယ်ဘက်မှ လာသည့် Toyota Townace အမျိုးအစားကားတို့ ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ပန်းပြင်ရွာရှိ လမ်းပိုင်းတစ်နေရာ၌ မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း အထက်ပါပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကုန်ကားက လမ်းဘေးကျသွားတယ်။ ကားငယ်က အရှေ့ပိုင်းကြေသွားတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် Toyota Townace ကား၏ အရှေ့ခန်း၌ လိုက်ပါလာသည့် အသက် ၃၀ နှင့် ၄၀ နှစ် ကြား အရွယ်ရှိ အမျိုးသမီးနှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးကြောင်း […]

ကံ့ကော်ပန်းတက်ခူးရာမှ အပင်ခွကြား ညပ်နေသည့် မိန်းကလေးကို ထားဝယ်မီးသတ်ကယ်တင်

Dawei Watch

March 10, 2025

ကံ့ကော်ပန်းတက်ခူးရာမှ အပင်ခွကြား၌ ခြေထောက်ညပ်ပြီး အောက်ဆင်းမရဘဲ တန်းလန်းဖြစ်နေသည့် မိန်းကလေးတစ်ဦးကို ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ခဲ့ရကြောင်း ယင်းတပ်ဖွဲ့ထံမှသိရသည်။ ထားဝယ်မြို့ ၊ ထားဝယ်ဆေးရုံကြီးဝင်းအတွင်းရှိ ကံ့ကော်ပင် ပေါ်တက်၍ ကံ့ကော်ပန်းတက်ခူးသည့် အသက် ၁၂ နှစ်အရွယ်မိန်းကလေးကို ယနေ့ (မတ် ၁၀) နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ကယ်တင်ခဲ့ရခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ” မိန်းကလေးက ဆေးရုံထဲကပဲသန့်ရှင်းရေးဝန်ထမ်းရဲ့ သမီးပါ ၊ ပန်းတက်ခူးရင်းနဲ့ အပင်ခွကြားမှာ ခြေထောက်ညပ်နေတာ ဒဏ်ရာကတော့ မရပါဘူး”ဟု မီးသတ်တပ်ဖွဲ့တာဝန်ရှိသူကပြောသည်။ မိန်းကလေး ခြေထောက်ညပ်နေသည့် အဆိုပါ ကံ့ကော်ပင်၏ ခွသည် မြေပြင်မှ ပေ ၃၀ ခန့်ရှိသည့် အမြင့်တွင်ရှိပြီး ထားဝယ်မြို့နယ်မီးသတ်တပ်ဖွဲ့မှာ ကယ်ဆယ်ရေးလှေကားဖြင့် တက်ရောက် ကယ်တင်ခဲ့ရာ […]

လောင်းလုံးမြို့ပေါ်တိုက်ပွဲတွင် ဘုန်းကြီးတစ်ပါးအပါအဝင် မြို့ခံသုံးဦး ဒဏ်ရာရ

Dawei Watch

March 10, 2025

လောင်းလုံးမြို့ပေါ်တွင် ‌မတ်လ ၈ ရက်နေ့က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဘုန်းကြီးတစ်ပါးအပါအဝင် မြို့ခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လောင်းလုံးမြို့ပေါ်ရှိ စရဖရုံး၊ ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နံနက်စောစောပိုင်းမှ နေ့လယ် ၁၂ နာရီအထိ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းသို့ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဖက်ကလည်း မြို့အနောက်ဘက်ပင်လယ်ပြင်ရှိ စစ်သင်္ဘောနှင့် ထားဝယ်မြို့ပေါ် တပ်စခန်းများမှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ‌မြို့ခံတို့ကပြောသည်။ ယင်းလက်နက်ကြီးကျည်အချို့မှာ ဒေသခံနေအိမ်များနှင့် (က) ရပ်ကွက်ရှိ မြို့ဦးထိန်သစ်ကျောင်းကိုထိမှန်ပြီး ဘုန်းကြီးတစ်ပါး၏ ခြေထောက်ဒဏ်ရာရသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “ခြေထောက်မှာက ဒဏ်ရာပြင်းမယ့်ပုံပဲ။ ဖြတ်မယ်လို့လည်းပြောနေတယ်။ သေချာတော့မသိ‌ရသေးဘူး” ဟု မြို့ခံတစ်ဦးကဆိုသည်။ ယင်းအပြင် မြို့နယ်ပညာရေးမှူးရုံးနံဘေးလမ်းကြားထဲရှိ အမျိုးသားတစ်ဦး၏ ကျောဘက်တွင်လည်း လက်နက်ကြီး ကျည်စထိမှန်းခဲ့သေးကြောင်း၊ ထိန်သစ်လမ်း(ထန်းပင်တန်းလမ်း) ထဲရှိ […]

ရန်တောင်ရွာတွင် တပ်စွဲသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် လေးရက်ဆက်တိုက်ခိုက်

Dawei Watch

March 9, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ရန်တောင်ရွာလယ် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့က လေးရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံအချို့က ပြောသည်။ အဆိုပါစစ်ကောင်စီတပ်ဖွဲ့မှာ လွန်ခဲ့သည့် ခြောက်ရက်ခန့်မှစတင်ကာ ရန်တောင်ရွာလယ် ဘုန်းကြီးကျောင်းတွင် တပ်စွဲခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက မတ်လ ၆၊ ၇၊ ၈၊ ၉ ရက် လေးရက်ဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယနေ့ မတ်လ ၉ရက် ညနေ ၄ နာရီမှ ၅ နာရီအထိ တစ်နာရီအတွင်း ဒရုန်းဖြင့် ဗုံးခြောက်လုံးချကာ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အခြေအနေကိုမူ မသိရသေးကြောင်း ရန်တောင်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဗုံးများမှာ ဘုန်းကြီးကျောင်းဝင်းနှင့် အနီးဝန်းကျင်တို့တွင် ကျရောက်ပေါက်ကွဲကာ […]

လောင်းလုံးတွင် စစ်ကောင်စီတပ်ပစ်သည့် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးဒဏ်ရာအပြင်းအထန်ရ

Dawei Watch

March 9, 2025

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေသွားလမ်းပေါ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁၀၄) က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်သဖြင့် ကလေးငယ်တစ်ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း ဒေသခံများက ပြောသည်။ မတ်လ ၈ရက် နေ့လယ် ၁၂ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၀၄ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စခန်းကြီးရွာထဲသို့ လက်နက်ကြီးကျည် ငါးလုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအနက် တစ်လုံးမှာ နေအိမ်တစ်လုံးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ရှေ့တွင် ဆော့ကစားနေသည့် အသက် ၁၂နှစ် အရွယ် မိန်းကလေးငယ်တစ်ဦး၏ လည်ပင်းကို ကျည်စထိမှန်ကြောင်း ဒေသခံများက ပြောဆိုသည်။ “ကလေးငယ်က လက်ရှိ ရန်ကုန်ဆေးရုံမှာ။ ထားဝယ်ဆေးရုံက ကုသလို့မရလို့ပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဒဏ်ရာ ပြင်းထန်‌သောကြောင့် ထားဝယ်ဆေးရုံမှ ရန်ကုန်ဆေးရုံသို့ ပြောင်းရွှေ့ကုသနေရခြင်းဖြစ်ကြောင်း […]

အညာဖျားရွာတိုက်ပွဲတွင် PDF နှစ်ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးဒဏ်ရာရ

Dawei Watch

March 9, 2025

ထားဝယ်အရှေ့တောဒေသ အညာဖျားရွာအနီး၌ မတ်လ ၇ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် PDF နှစ်ဦးသေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး ဒဏ်ရာရကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။ အညာဖျားရွာအနီးက ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း (T1) စခန်းကို မတ်လ ၇ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး PDF နှစ်ဦးသေဆုံးကြောင်း ၎င်းတို့က ဆိုသည်။ နံနက် ၁၀ နာရီခန့်တွင် T1 စခန်းများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေ့လယ် ၁၂ နာရီခန့်တွင် K8W ဂျက်ဖိုက်တာ တစ်စင်းဖြင့် T1 စခန်း သင်တန်းကျောင်းကွင်းပြင်ထဲကို ဗုံးတစ်လုံး၊ ဆိပ်ချောင်းရွာနှင့် ညောင်ချောင်းရွာကြားကို ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့နှင့် […]

လောင်းလုံးမြို့ပေါ်တိုက်ပွဲအပြီး ကမြောကင်းတံတား ဖြတ်သန်းခွင့်ပိတ်

Dawei Watch

March 8, 2025

လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ယနေ့မွန်းလွဲပိုင်းမှစပြီး ထားဝယ်နှင့် လောင်းလုံးကြားရှိ ကမြောကင်းတံတား ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း ခရီးသွားများကပြောသည်။ ယနေ့ မွန်းလွဲ ၁ နာရီကျော် မှစပြီး ကမြောကင်းတံတား တစ်ခြမ်းကို ပိတ်လိုက်သည့်အတွက် ရှင်မော်‌၊ လောင်းလုံး စသည့် ကမြောကင်းတံတား တောင်ဖက်ခြမ်းရှိကျေးရွာများတွင် နေထိုင်သူများ ဖြတ်သန်း၍ မရတော့ကြောင်း ၎င်းတို့ကပြောသည်။ “လောင်းလုံးဘက်တစ်ခြမ်းပဲ ပိတ်ထားတယ်။ ကမြောကင်း သောကြာပြင်ဘက်ကတော့ ခုထိတက်လို့ရနေသေးတယ်”ဟု ခရီးသွားဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် Dawei Watch သို့ပြောသည်။ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့ မတ်လ ၈ ရက်နေ့ နံနက် ပိုင်းတွင် တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။ “ပစ်သံကတော့ မွန်းလွဲ ၁ နာရီ […]