ရန်ကုန်-ထားဝယ်ကားခ စျေးနှစ်ဆနီးပါးမြင့်တက်ပြီး ကျပ်နှစ်သိန်းခွဲကျော်အထိဖြစ်လာ
Dawei Watch
March 26, 2026ရန်ကုန်-ထားဝယ် လေးယောက်စီး အိမ်စီးကားခမှာ စျေးနှစ်ဆနီးပါးမြင့်တက်လာပြီး ခရီးစဉ်တစ်ကြောင်းလျှင် ကျပ်နှစ်သိန်းခွဲမှ သုံးသိန်းကြားအထိ စျေးပေးရကြောင်း ခရီးသည်များနှင့် ယာဉ်ပိုင်ရှင်များထံမှ သိရသည်။ မတ်လတတိယပတ်အထိ ခရီးသည်တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲသာရှိရာမှ မတ်လ နောက်ဆုံးပတ်အတွင်း ယင်းသို့စျေးတက်လာကြောင်း ရန်ကုန်-ထားဝယ် လေးယောက်စီးကား ပြေးဆွဲနေသူ ယာဉ်မောင်းအမျိုးသားတစ်ဦးက ပြောသည်။ စက်သုံးဆီစျေးတက်ခြင်းနှင့် ဆီဝယ်ယူရခက်ခဲခြင်းတို့ကြောင့် စျေးတက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ရေးနဲ့ မော်လမြိုင်ကြားမှာဆိုရင် အခု အချိန်ကန့်သတ်ချက်ကြောင့် ကျွန်တော်တို့ ရောက်တဲ့အချိန် ဆီတန်းစီလို့ မရဘူး။ တော်တော်အခက်အခဲဖြစ်တယ်။ အပြင်စျေးနဲ့ ဝယ်ရတော့ ဆီဖိုးလည်း နှစ်ဆကျော်လောက်ကုန်တယ်” ဟု အထက်ပါ ယာဉ်မောင်းအမျိုးသားက ပြောဆိုသည်။ ဆီတန်းစီရသည့်အတွက် အချိန်ကြာမြင့်ခြင်းကြောင့် ယခုနောက်ပိုင်း လေးယောက်စီး ကားငယ်အချို့မှာ ရန်ကုန်အဝင် နောက်ကျပြီး အဆင်းကားအချို့မှာလည်း လမ်းခရီးတွင် ညအိပ်ရသည်အထိ ကြန့်ကြာမှုများ […]


