ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ထိုင်းတွင် ရက်ပေါင်း ၁၀၀ ကျော်အတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာ တစ်ထောင်ကျော် အဖမ်းခံရ

Dawei Watch

September 23, 2024

ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၁၀၆ ရက်အတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာ ၁၁၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေရာ ဇွန်လ ၅ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားအလုပ်သမား နှစ်သိန်းခွဲကျော်ကို စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ ထိုင်းတစ်နိုင်ငံလုံးရှိ စက်ရုံများ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများနှင့် အခြားလုပ်ငန်းခွင်များ အပါအဝင် ခရိုင်အသီးသီးရှိ လုပ်ငန်းခွင်နေရာပေါင်း ၁၈၈၀၀ ကျော်ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ စစ်ဆေးခဲ့သော အလုပ်သမား နှစ်သိန်းခွဲကျော်တွင် မြန်မာအလုပ်သမား ၁၉၀၀၀၀ ကျော်ဖြင့် အများဆုံးပါဝင်ပြီး ကမ္ဘောဒီးယား […]

ဘန်ကောက် လမ်းဘေးဈေးဆိုင်များတွင် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများကို အလုပ်ခန့်ခွင့်ပိတ်

Dawei Watch

September 20, 2024

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့၏ လမ်းများတွင် ပျံကျဈေးသည်အနေဖြင့် လမ်းဘေးဈေးရောင်းခွင့်ကို ထိုင်းနိုင်ငံသား နွမ်းပါးသူများကိုသာ ရောင်းချခွင့်ရှိတော့မည်ဖြစ်ပြီး မြန်မာအလုပ်သမားများကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်ခန့်ခွင့် မရှိတော့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဘန်ကောက်မြို့အတွင်းရှိ လမ်းဘေးဈေးရောင်းချခွင့် နည်းဥပဒေအသစ်နှင့်ပတ်သက်၍ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူး Mr. Chadchart Sittipunt က လက်မှတ်ထိုးလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေးရုံး၏ ပြောခွင့်ရသူက စက်တင်ဘာလ ၁၉ ရက်နေ့က ပြောသည်။ ထိုင်းဘုရင်က လက်မှတ်ထိုးအတည်ပြု၍ ပြဋ္ဌာန်းပြီးပါက နည်းဥပဒေအသစ်သည် အကျုံးဝင်လာတော့မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စည်းမျဉ်းအသစ်အရ လမ်းဘေးဈေးရောင်းချခွင့်ကို အစိုးရ လူမှုဖူလုံရေးကတ်ကိုင်ဆောင်ထားသော ထိုင်းနိုင်ငံသား နွမ်းပါးသူများသာ ရောင်းချခွင့်ရှိတော့မည် ဖြစ်သည်။ လမ်းဘေးဈေးသည်များသည် အိမ်များကို အရစ်ကျ ငွေပေး၍ ဝယ်ယူထားသူများဖြစ်ရမည်ဖြစ်ပြီး လူမှုဖူလုံရေး ထောက်ပံ့ ကြေးများ […]

ဘန်ကောက်တွင် iPhone 16 ပထမဆုံးဝယ်ယူမှာ မြန်မာနိုင်ငံသားဖြစ်နေ

Dawei Watch

September 20, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် စတင်ရောင်းချခဲ့သော iPhone 16 ဝယ်ယူသူများအနက် ပထမဆုံး တန်းစီပြီး ဝယ်ယူခဲ့သူမှာ မြန်မာနိုင်ငံသားအမျိုးသမီးဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသစ်ထွက်ရှိလာသော iPhone 16 Series ကို ဝယ်ယူရန် ဘန်ကောက်မြို့ရှိ Central World က Apple Store နှင့် Iconsiam ရှောပင်းစင်တာအရှေ့တွင် ယနေ့ နံနက် ၈ နာရီက ထိုင်းနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများစွာ တန်းစီစောင့်ဆိုင်းခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့အနက် Central World က Apple Store တွင် ပထမဆုံးနံပါတ်နေရာဖြင့် တန်းစီပြီးဝယ်ယူခဲ့သူမှာ မြန်မာနိုင်ငံက အမျိုးသမီးတစ်ဦးဖြစ်ပြီး iPhone 16 Pro Max ကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း […]

တရားမဝင် မြန်မာလုပ်သားတွေကို တရားဝင်ဖြစ်အောင်လုပ်ပေးဖို့ ထိုင်းအတိုက်အခံပါတီတိုက်တွန်း

Dawei Watch

September 20, 2024

တရားမဝင် မြန်မာလုပ်သားတွေကို တရားဝင်ဖြစ်အောင်လုပ်ပေးဖို့ ထိုင်းအတိုက်အခံပါတီတိုက်တွန်း

ထိုင်းတောင်ပိုင်းက မြန်မာကလေး ၁၂၀၀ ကျော်၏ ပညာရေးရှေ့ဆက်ခွင့်

Dawei Watch

September 20, 2024

ကျောင်းပိတ်လိုက်ပြီဆိုသဖြင့် ပညာတတ်စေချင်၍ ခဲရာခဲဆစ်ခေါ်ထားသည့် ကလေးနှစ်ယောက်၏ ပညာရေးအတွက် ကိုအောင်တစ်ယောက် မည်သို့ဆက်လုပ်ရမည် မသိတော့။ ဇာတိမြေ လောင်းလုံးမြို့နယ်တွင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် စာသင်ကျောင်းအားလုံးနီးပါး ပိတ်ထားရသဖြင့် ပညာရေး မရေမရာဖြစ်နေသည့် သမီးနှစ်ယောက်ကို ပညာတတ်စေချင်သည်။ ယင်းကြောင့်ပင် အသက် ၇ နှစ်နှင့် ၁၁ နှစ်အရွယ် သမီးနှစ်ယောက် ပညာသင်ခွင့်ရရေးအတွက် ငွေကြေးအမြောက်အများအကုန်အကျခံကာ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့သို့ တရားမဝင်လမ်းကြောင်းဖြင့် ခဲရာခဲဆစ်ခေါ်ယူလိုက်သည်။ “ရွာမှာကျောင်းထားဖို့ နိုင်ငံရေးအခြေအနေမကောင်းလို့ ခေါ်ထားလိုက်တာပါ။ ကလေးတွေ စာတတ်လာအောင်တော့ မျှော်လင့်တာပေါ့နော်။ ငါတို့လို စာမတတ်ဖြစ်မှာစိုးတယ်”ဟု ကလေးနှစ်ယောက်၏ ဖခင်ကိုအောင်က ဖွင့်ဟသည်။ ထိုင်းသို့ရောက်လာချိန်တွင် စူရတ်မြို့ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်း၌ ကျောင်းအပ်လိုက်ပြီးနောက် သမီးအကြီးဖြစ်သူက တတိယတန်းနှင့် သမီးအငယ်က ပထမတန်းတွင် ပညာသင်ယူခွင့်ရခဲ့သည်။ သို့သော် ကိုအောင်၏ မျှော်လင့်ချက်ရောင်ခြည်က ရေရှည်မခံခဲ့ပေ။ […]

ထိုင်းတောင်ပိုင်းက မြန်မာဘုန်းကြီးပျံဈာပန

Dawei Watch

September 20, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့တွင် မြန်မာဘုန်းတော်ကြီး၏ ဈာပနာ အခမ်းအနားကို စက်တင်ဘာလ၁၉ ရက် ညက ပြုလုပ်ခဲ့သည်။ ကော့သောင်းခရိုင် ခမောက်ကြီးမြို့ ထုံပရိကျေးရွာရှိ ဓမ္မရတနာတောရ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဥူးပညာသုတသည် ဖန်ငခရိုင်၊ တကွန်ပါမြို့ ဆေးရုံကြီးတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် သက်တော် ၅၃ နှစ်၊ ဝါတော် ၃၃ ဝါရှိပြီဖြစ်သည်။ ဆရာတော်သည် ထိုင်းတောင်ပိုင်း ဖန်ငခရိုင်သို့ ခေတ္တရောက်ရှိနေချိန် နေမကောင်းဖြစ်လာသဖြင့် ဆေးရုံတင်ကုသရာက စက်တင်ဘာလ ၄ ရက်နေ့တွင် ပျံတော်မူသွားခြင်းဖြစ်ပြီး ဥတုဇရုပ်ကလာပ်အား စူရတ်ဌာနီမြို့သို့ ပင့်ဆောင်လာခြင်းဖြစ်သည်။ ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော် မီးသင်္ဂြိုဟ်ပူဇော်အခမ်းအနားအား စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင် နာရေးကူညီမှုအသင်းက ဦးဆောင်ပြီး ဝပ်ဖိုဝိုင်ဘုန်းကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။

တရားမဝင် မြန်မာလုပ်သားများကို တရားဝင်ဖြစ်အောင် လုပ်ပေးရန် ထိုင်းအတိုက်အခံပါတီ တိုက်တွန်း

Dawei Watch

September 19, 2024

ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာအလုပ်သမားများအရေးနှင့်ပက်သက်၍ ပြဿနာများကို ဖြေရှင်းနိုင်ရန် ရွှေ့ပြောင်းအလုပ်သမားအားလုံးကို တရားဝင်မှတ်ပုံတင်ပေးဖို့ ထိုင်းအစိုးရကို အတိုက်အခံပါတီဖြစ်သော People’ Party က လွှတ်တော်အင်တာဗျူးတစ်ခုတွင် တိုက်တွန်းလိုက်သည်။ People’ Party သည် ယခင် ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီဖျက်သိမ်းခံလိုက်ရပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းထားသော အတိုက်အခံပါတီဖြစ်သည်။ မြန်မာလုပ်သားများအရေးကို တောင်းဆိုပေးသည့် People’ Party အပေါ် လူမှုကွန်ရက်များတွင် ဝေဖန်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေသည်။ People’ Party သည် ထိုင်းနိုင်ငံအတွင်းရှိ ထိုင်းနိုင်ငံသားများ၏ အခွန်ဘဏ္ဍာကို အသုံးပြုပြီး မြန်မာအလုပ်သမားများ၏ အခွင့်အရေးများကို မြှင့်တင်ပေးရန် ကြိုးပမ်းနေကြောင်း လူမှုကွန်ရက်များတွင် ဝေဖန်မှုများ ရေသားနေကြသည်။ ပါတီရပ်တည်ချက်နှင့်ပတ်သက်၍လည်း People’ Party အပေါ် ထိုင်းနိုင်ငံသားများက မေးခွန်းထုတ်မှု ပိုများလာခဲ့ပြီး Myanmar People’ […]

လုပ်အားခ ဘတ် ၁၃ သိန်းကျော်မပေး၍ မြန်မာလုပ်သားများ အလုပ်ရှင်ကို အမှုဖွင့်

Dawei Watch

September 19, 2024

ထိုင်းနိုင်ငံ၊ ပင်လယ်ကမ်းခြေရှိ သဲစုပ်လှေများပေါ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ၏ လုပ်အားခခြောက်လစာ(ဘတ် ၁၃ သိန်းကျော်) မပေးသဖြင့် အလုပ်ရှင်ကို အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံးတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၁၃ ဦးသည် တရုတ်အလုပ်ရှင် ပိုင်ဆိုင်သော ချွန်ဘူရီနှင့် နခွန်စီထမရတ်ခရိုင်များရှိ ကမ်းခြေများကို ပြုပြင်သော သဲစုပ်လှေများပေါ်တွင် ပြီးခဲ့သောနှစ်ကတည်းက လုပ်ကိုင်လာခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း ယခုနှစ် မတ်လတွင် ထမင်းစရိတ်ကဲ့သို့ ကြိုတင်ငွေများသာ ထုတ်ပေးခဲ့ပြီး ဧပြီလမှစ၍ အလုပ်ရှင်က အကြောင်အမျိုးမျိုးပြကာ လုပ်အားခ လုံးဝထုတ်ပေးခဲ့ခြင်း မရှိတော့ကြောင်း အဖွဲ့ထံမှ သိရသည်။ လုပ်အားခများကို ထုတ်ပေးရန် အလုပ်ရှင်ကို ကနဦး ညှိနှိုင်းပြောဆိုခဲ့သော်လည်း လက်ခံခြင်းမရှိသဖြင့် အလုပ်သမားများက AAC အဖွဲ့ထံ လာရောက်အကူအညီ တောင်းခံခဲ့ကြောင်း အဖွဲ့က […]