စစ်ကောင်စီက နိုင်ငံခြားငွေရရန် ထိုင်းရောက် MOU လုပ်သားများကို အေဂျင်စီများမှတစ်ဆင့် ဖိအားပေး
Dawei Watch
October 25, 2024နိုင်ငံခြားငွေရရှိရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေသော စစ်ကောင်စီက ထိုင်းနိုင်ငံရောက် MOU မြန်မာအလုပ်သမားများကို အေဂျင်စီများမှတစ်ဆင့် ဖိအားပေးမှုများ စတင်လုပ်ဆောင်နေကြောင်း အလုပ်သမားများထံမှသိရသည်။ မြန်မာပြည်တွင်းရှိ မိသားစုဝင်များထံသို့ လစာ၏ ၂၅ ရာခိုင်နှုန်းကို သတ်မှတ်ဘဏ်နှင့် ငွေလွှဲလုပ်ငန်းများ မှတစ်ဆင့် ပြန်လွှဲကြရန် မြန်မာအလုပ်သမားများကို စေလွှတ်ခဲ့သော အေဂျင်စီများက ဖိအားပေးခိုင်းစေနေကြောင်း ချွန်ဘူရီခရိုင်ရှိ စက်ရုံတွင် လုပ်ကိုင်နေသော MoU အလုပ်သမားများက ဆိုသည်။ “စက်ရုံဘက်က အဲလောက်အထိ မတင်းကြပ်ဘူး။ အေဂျင်စီဘက်က ပိုတင်းကြပ်တာ။ ကျွန်တော်တို့ ပိုက်ဆံမလွှဲဘူးဆိုရင် စက်ရုံက ဝန (အလုပ်သမားခေါင်းဆောင်) နဲ့လာပြီး ပြောမယ်။ အလုပ်ထုတ်ပလိုက်မယ် ဆိုတာမျိုးပေါ့။ အဲလိုပုံစံမျိုးနဲ့ ခြိမ်းခြောက်တာမျိုးတော့ ရှိတယ်” ဟု MoU အလုပ်သမားတစ်ဦးက ဆိုသည်။ မိသားစုများထံသို့ ငွေလွှဲပေးပို့ပြီးပါက လွှဲပြီးကြောင်းပြေစာများကို သက်ဆိုင်ရာ […]


