အယုဒ္ဓယတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းအာဏာပိုင်များဝင်စစ်၊ မြန်မာ ၄၀ နီးပါး ဖမ်းဆီးခံရ
Dawei Watch
December 9, 2024ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်အထားမရှိသည့် မြန်မာအလုပ်သမား ၄၀ နီးပါးကို ဖမ်းဆီးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းက အယုဒ္ဓယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲရှိ အလုပ်သမားတန်းလျားများကို ဝင်ရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဝင်ရောက်စစ်ဆေးစဉ် အလုပ်သမားများသည် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး အချို့မှာ ခေါင်မိုးပေါ်အထိ တက်ပြေးခဲ့ကြ ကြောင်း သတင်းတွင် ဖော်ပြသည်။ အလုပ်သမားတန်းလျားများတွင် နေထိုင်နေသော မြန်မာအလုပ်သမား ၁၀၀ဦးကို စစ်ဆေးခဲ့ရာ တရားဝင်နေထိုင် လုပ်ကိုင် ခွင့် အထောက်အထားမရှိသော အမျိုးသား ၂၆ဦး၊ အမျိုးသမီး ၁၁ဦး စုစုပေါင်း ၃၇ဦးကို ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ အဆုပါ မြန်မာနိုင်ငံသားများသည် မယ်ဟောင်စောင်နယ်စပ်ကတစ်ဆင့် တရားမဝင် ဝင်ရောက်လာကြပြီး ခရီးစရိတ် ဘတ် […]


