သက်တမ်းတိုးစရိတ်များနေ၍ မြန်မာလုပ်သား ၁၂၀၀ ကျော် စက်ရုံကို ဆန္ဒပြ၊ ဘတ် ၇၅၀၀ နှုန်းဖြင့်ပြေလည်
Dawei Watch
December 17, 2024ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်ရှိ ကားတာယာစက်ရုံက မြန်မာအလုပ်သမား ၁၂၀၀ ကျော်သည် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းတိုး ကုန်ကျစရိတ် မြင့်မားနေ၍ လျှော့ချပေးရန် ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် စုပေါင်းတောင်းဆိုခဲ့ရာ ဘတ် ၇၅၀၀ ဖြင့် ပြေလည်မှု ရရှိခဲ့ကြောင်း ဦးဆောင်တောင်းဆိုသော အလုပ်သမားများ ထံမှသိရသည်။ လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းကုန်မည်ဖြစ်၍ DEESTONE ကားတာယာစက်ရုံရှိ အလုပ်သမားများအားလုံး သက်တမ်းတိုးရန် စက်ရုံဘက်က တစ်ဦးလျှင် ဘတ် ၁၂၀၀၀ အထိ ကနဦးကောက်ခံနေကြောင်း အလုပ်သမားများထံမှ သိရသည်။ ယင်းကဲ့သို့ သက်တမ်းတိုးစရိတ် များပြားနေသည့်အပေါ် ဈေးနှုန်း မှန်မှန်ကန်ကန်ဖြင့် လျှော့ချပြီး လုပ်ဆောင်ပေးရန် မြန်မာအလုပ်သမားများက တောင်းဆိုသော်လည်း […]


