ထိန်းသိမ်းခံ မြန်မာများကို နေရပ်ပြန်မပို့ရန် ထိုင်းအစိုးရကိုတိုက်တွန်း
Dawei Watch
January 27, 2025မြန်မာနိုင်ငံသားများကို စစ်မှုထမ်းဥပဒေအရ ဖမ်းဆီးခေါ်ဆောင်မှုများရှိနေသဖြင့် ထိုင်းနိုင်ငံထဲ ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများကို ထိုင်းအစိုးရအနေဖြင့် နေရပ်ပြန်မပို့ရန် ချူလာလောင်ကွန်းတက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခတစ်ဦးက တိုက်တွန်းလိုက်သည်။ မြန်မာစစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသူများအား ကာကွယ်ပေးရေးနှင့် ဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ ကျင်းပစဉ် ပါမောက္ခ Prof. Vitit Muntabhorn တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ယင်းပွဲကို Myanmar Response Network (MRN) နှင့် ချူလာလောင်ကွန်းတက္ကသိုလ်တို့က ဦးဆောင်ကျင်းပပြီး ချူလာလောင်ကွန်းတက္ကသိုလ်နှင့် ချင်းမိုင်တက္ကသိုလ်က ဥပဒေပညာရှင်များ၊ ထိုင်းနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားအဖွဲ့အစည်းများ၊ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနတို့က တက်ရောက်ဆွေးနွေး ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် အာဏာသိမ်းပြီးနောက်ပိုင်း ရောက်ရှိလာသော မြန်မာနိုင်ငံသားများနှင့် စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ရောက်ရှိလာသော […]


