မြန်မာအလုပ်သမား ဇနီးမောင်နှံ ထိုင်းထီ ဘတ် ၆ သန်းပေါက်
Dawei Watch
February 3, 2025ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်က မြန်မာအလုပ်သမား ဇနီးမောင်နှံ ထိုင်းထီအမြင့်ဆုံးဆု ဘတ် ၆ သန်း ပေါက်ခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ စမွတ်ပရကန်ခရိုင်၊ ဖရပဒျဲဒေသရှိ စက်ရုံတွင် လုပ်ကိုင်နေသော အဆိုပါမြန်မာအလုပ်သမား ဇနီးမောင်နှံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆု ပေါက်ခဲ့ခြင်းဖြစ်သည်။ ထီပေါက်သူနှစ်ဦးက ဆုငွေထုတ်ယူပေးရန် MHAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းသဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဆုငွေများကို ထုတ်ယူ၍ ပေးအပ်ခဲ့ကြောင်း အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။ “သူတို့က 7-Eleven ဆိုင်သွားတော့ ထီရောင်းနေတဲ့ ထိုင်းအဖွားကြီးက ဒီလက်မှတ်ယူ ဘတ် ၆ သန်းပေါက်လိမ့်မယ်ပြောလို့ ထိုးလိုက်ရင်း ပေါက်သွားကြတယ်လို့ ပြောတယ်” ဟု ကိုရဲမင်းက ဆိုသည်။ […]


