ထိုင်းမိသားစုအသတ်ခံရမှုတွင် သံသယရှိသည်ဟုဆိုကာ မြန်မာလုပ်သားသုံးဦးကို ဝရမ်းထုတ်ရှာဖွေ
diz_admin
February 10, 2023ထိုင်းနိုင်ငံ တာခ့်ခရိုင် ဝမ်ကျောက်ဒေသ စိုက်ပျိုးရေးခြံတွင် ထိုင်းအလုပ်ရှင် မိသားစုဝင် ငါးဦးအသတ်ခံရမှုနှင့် ပက်သက်၍ သံသယရှိသည်ဟုဆိုကာ မြန်မာအလုပ်သမားသုံးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရန်လိုက်လံရှာဖွေ နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အသက် ၃ လမှ ၁၀ နှစ်အထိ ကလေးငယ်သုံးဦးအပါအဝင် မိသားစုဝင် ငါးဦးသည် ဖေဖော်ဝါရီလ ၅ ရက်မှစ၍ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ရေးသားထားသည်။ ယင်းနေ့တွင်ပင် အသတ်ခံလိုက်ရခြင်းနိုင်သည်ဟု ဆွေမျိုးများက ယူဆကြကြောင်း ဖော်ပြသည်။ အဆိုပါမိသားစု၏ အလောင်းများနှင့် လက်နက်ပစ္စည်းများကို ၎င်းတို့နေထိုင်ရာ ရွာအနီးရှိ မြောင်းတစ်ခုထဲတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သေဆုံးသူများတွင် သေနတ်ဒဏ်ရာ၊ ဓါးထိုးသွင်းဒဏ်ရာများတွေ့ရှိခဲ့ရပြီး လက်နက်ပစ္စည်းများ၊ အလောင်းများနှင့် ချင်း (ဂျင်း) ထည့်သော အနက်ရောင်ပလတ်စတစ်အိတ်များကို ထိုင်းရဲတပ်ဖွဲ့များက […]


