ပြစ်ဒဏ်ကျခံရပြီးသည့် မြန်မာများထံမှ ထိုင်းရဲငွေညှစ်
diz_admin
February 28, 2023ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် လဝကထိန်းသိမ်းရေးစခန်းရှိ လွတ်ရက်စေ့ မြန်မာနိုင်ငံသားများသည် နေရပ်ပြန်ပို့မည့် နယ်စပ်စခန်းသို့ သွားခွင့်ရလိုလျှင် တစ်ဦးစီ ဘတ် ၇၀၀၀ ကျော် ပေးရမည်ဟု ထိုင်းရဲများက တောင်းခံနေကြောင်း မိတ္တသဟာရ နာရေးကူညီမှုအသင်း (SAFWA) အဖွဲ့ထံမှ သိရသည်။ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၅၀ကျော်မှာ ချွန်ဖော်ခရိုင် လဝက ထိန်းသိမ်းရေး စခန်းတွင် ရှိနေသည်မှာ နှစ်လကျော်ကြာနေပြီဖြစ်ကြောင်း ဆိုသည်။ အဆိုပါကိစ္စများကို ဖေဖော်ဝါရီလ ၂၆ရက်တွင် ချွန်ဖော်စခန်းရှိ ထိန်းသိမ်းခံမြန်မာနိုင်ငံသားများနှင့် သွားရောက် တွေ့ဆုံစဉ်တွင် ထိန်းသိမ်းခံမြန်မာများက ပြောကြားခြင်းဖြစ်ကြောင်း SAFWA အဖွဲ့မှ ကိုသားကျော်က ဆိုသည်။ SAFWA သည် ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့အခြေစိုက်အဖွဲ့ဖြစ်ပြီး မြန်မာအလုပ်သမားများအရေး ဆောင်ရွက် နေကာ ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ပြန်လည် လွှဲပြောင်းပေးရာတွင်ပါဝင်ကူညီပေး […]


