ရမ်းဖိုရွာတွင် ဂိတ်ချနေသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်
Dawei Watch
March 26, 2026တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာ ပြည်ထောင်စုလမ်းမကြီးတွင် ဂိတ်ချစစ်ဆေးနေသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မတ်လ ၂၅ ရက် ညနေ ၅ နာရီ ၅၀ မိနစ်တွင် ရမ်းဖိုရွာ၊ ဆီအုန်းကုန်း ပြည်ထောင်စုလမ်းမကြီး၌ ဂိတ်ချထားသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ဝင်ရောက်တိုက်ခိုက်တော့ (စစ်အာဏာရှင်တပ်) ဘက်က သုံးယောက် လမ်းမပေါ်မှာတင် လဲကျသွားတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ မိနစ် ၃၀ ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဇဝဲကျေးရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ရမ်းဖိုရွာတွင် စစ်အာဏာရှင်တပ်သားများသည် ဂိတ်နှစ်ဂိတ်ချထားခြင်းဖြစ်ပြီး ရွာထဲတွင် […]


