ကြက်သွန်ဖြူနှင့် အာလူးဈေးကျပြီး ရွှေအပ်ငရုတ် ဈေးတက်လာသည့် ထားဝယ်ဈေးကွက်
Dawei Watch
November 1, 2025ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်ဖြူနှင့် အာလူးဈေးကျပြီး ရွှေအပ်ငရုတ်သီးခြောက် ဈေးမြင့်တက်နေသည်။ ပြီးခဲ့သည့် သီတင်းပတ် အောက်တိုဘာလ ၂၅ ရက်တွင် ကြက်သွန်ဖြူ ထူး၅ အမျိုးအစား တစ်ပိဿာလျှင် ၁၁၀၀၀ကျပ် စျေးရှိရာမှ ယခုသီတင်းပတ် နိုဝင်ဘာလ ၂ရက်တွင် တစ်ပိဿာ ၉၅၀၀ ကျပ်သို့ စျေးကျသွားသည်။ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၅၅၀၀ကျပ်နှင့် အာလူးတစ်ပိဿာ ၈၀၀၀ ကျပ်မှ ၇၅၀၀ ကျပ်သို့ ဈေးကျသွားသည်ကိုတွေ့ရသည်။ ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သွန်ဖြူ ထူး ၅ တစ်ပိဿာလျှင် ၁၅၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) နှင့် အာလူးတစ်ပိဿာလျှင် ၅၀၀ ကျပ်စီဈေးကျသွားကြခြင်း ဖြစ်သည်။ သို့သော် ယခုသီတင်းပတ်အတွင်း ရွှေအပ်ငရုတ်သီးခြောက်ဈေးမှာ တစ်ပိဿာလျှင် ၁၀၀၀ […]


