ဆန်ကြမ်း ဈေးကျသည့် ထားဝယ်ဈေးကွက်
Dawei Watch
November 15, 2025ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်းကြက်သွန်ဖြူနှင့် ရွေအပ်ငရုတ်ခြောက် ဈေးတက်ပြီးဆန်ကြမ်းဈေးကျနေသည်။ ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် နိုဝင်ဘာလ ၉ ရက်နေ့က ကြက်သွန်ထူး ၄ တစ်ပိဿာ ၉၀၀၀ ကျပ်မှ ယခုသီတင်းပတ်ဖြစ်သည့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တစ်ပိဿာ ၉၅၀၀ ကျပ်၊ကြက်သွန်ဖြူထူး ၅ တစ်ပိဿာ ၉၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်နှင့် ရွှေအပ်ငရုတ်အခြောက်တစ်ပိဿာ ၁၆၀၀၀ ကျပ်မှ ၁၆၅၀၀ ကျပ်သို့ အသီးသီးဈေးတက်လာခြင်းဖြစ်သည်။ ထို့ကြောင့်ယခုသီတင်းပတ်အတွင်း ကြက်သွန်ဖြူနှင့်ေရွှအပ်ငရုတ်အေခြာက်တို့မှာတစ်ပိဿာ ၅၀၀ ကျပ်စီဈေးတက်လာသည်ကိုတွေ့ရှိရသည်။ တိုင်းပြင်ပမှတင်သွင်းသည့် ဆန်ကြမ်းအမျိုးအစားများဖြစ်သည့် စိန်သရဖူမှော်၊အကယ်ဒီမီ ၁၁ နှင့် နှံကား ဆန်အမျိူအစားတို့မှာ ဈေးပြန်ကျလာသည်။ နိုဝင်ဘာလ ၉ ရက်နေ့က စိန်သရဖူမှော် ဆန်တစ်အိတ်လျှင် ၁၁၁၀၀၀ ကျပ်မှ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ၁၀၆၀၀၀ […]


