ဗိုလ်ရဲ့ တကယ့် အဓိပ္ပါယ်
Dawei Watch
November 3, 2024ဒီခေါင်းစဉ်က တကယ်တော့ ၁၉၉၁ ခုနှစ်က ထုတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အက်ဆေး တစ်ခုရဲ့ ခေါင်းစဉ်ပါ။ The True Meaning of Boh တဲ့။ သူ့ဆောင်းပါးကို ဖတ်မိရင်း အတွေးပွားစရာတွေ များလှတယ်။ ဗိုလ်ဆိုတာ ဘာပါလဲ။ မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ်က တပ်ထဲမှာ ကိုယ့်ကိုယ့်ကို ဗိုလ်တွေ တပ်ခေါ်ကြတယ်။ ဗိုလ်တေဇ၊ ဗိုလ်လကျ်ာ၊ ဗိုလ်ကျော်ဇော စသည်ဖြင့်ပေါ့။ အဲဒီတုန်းက ထုံးစံ အတိုင်းစစ်အတွင်းထဲမှာ ဆိုတော့ ဗိုလ်ဆိုတာ သည်းချေကြိုက်၊ ပြည်သူ့ အသည်းနှလုံးပေါ့။ လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်သူတွေကိုး။ ဆိုတော့ ဗိုလ်ရဲ့ တကယ့် အဓိပ္ပါယ်က ဘယ်က လာပါသလဲ။ ဗိုလ်ဆိုတာ ‘ဗလ’ က လာတာလို့ ဒေါ်အောင်ဆန်းစုကြည်က အက်ဆေးထဲမှာ အနက်ကောက်တယ်။ […]


