ထိုင်း အချုပ်ခန်းမှ မြန်မာ ရှေ့တန်းသို့
Dawei Watch
February 14, 2025ထိုင်းက မြန်မာစစ်တပ်အတွက် လူသစ်စု ပေးနေသလော ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်တွင် ရက်နှစ်ဆယ်နီးပါးနေပြီးနောက် မြန်မာနိုင်ငံဘက်သို့ ပြန်လွှဲတော့မည်ဆို၍ ကိုအောင်မျိုးကျော်တစ်ယောက် ဝမ်းသာနေသည်။ ထိုင်းလဝက၏ ကျဉ်းကျပ်သည့် အချုပ်ခန်းအတွင်းမှ မွေးရပ်မြေ ကော့သောင်း နေအိမ်ကို ပြန်ရောက်တော့မည် မဟုတ်ပါလား။ သို့သော်ယင်းလွှဲပြောင်းမှုက ကိုအောင်မျိုးကျော်အတွက် မျှော်လင့်မထားသည့် ကြမ္မာဆိုးတွေနှင့် ကြုံရတော့မည် ဆိုခြင်းကို ထိုစဉ်ကမသိခဲ့။ ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသည့် ကိုအောင်မျိုးကျော် အပါအဝင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၂၀ ဦးကို ထိုင်းလဝကအချုပ်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ကော့သောင်းဘက်သို့ ပဲ့ချိတ်လှေငယ်များဖြင့် ပြည်တော်ပြန်ပို့လိုက်သည်။ ကော့သောင်းရောက်ချိန်တွင် မြန်မာစစ်တပ် ဗိုလ်မှူးတစ်ဦး ဦးဆောင်သည် စစ်ကောင်စီတပ်သားများက ပြည်တော်ပြန်ပို့ ခံရသူများကို မိုးလုံလေလုံအားကစားရုံကြီးအတွင်း နေရာချထားလိုက်သည်။ ယင်းနောက်စစ်ကောင်စီ၏ ကော့သောင်းအခြေစိုက် ခြေမြန်တပ်ရင်း […]


