မြစ်တို့ရဲ့ လျှောက်လဲချက်
Dawei Watch
November 23, 2024မိုးသည်းသည်း မဟူရာည။ ပြောင်းခင်းကြားထဲ တိုးဝင်ပျောက်ကွယ်ရင်း။ ဓာတ်မီးရောင်တွေ တချက်ချက်ကြားရတယ်။ လူမမယ် ကလေးငယ်က နှစ်ဦး။ ဘေးမှာတော့ တဝေါဝါစီးဆင်းနေတဲ့ သောင်ရင်းမြစ်။ ဒီဘက်ကမ်းကို ရောက်ပြီ။ တနည်းနည်းနဲ့တော့ လွတ်မြောက်ပြီ။ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံအတွင်း နေရာပေါင်းများစွာမှာ ပုန်းခိုရင်း နောက်ဆုံး တဖက်ကမ်းကို ကူးလာတဲ့ ကျောင်းဆရာမ တစ်ဦး။ ဟုတ်တယ်။ ဒီဘက်ကမ်းမှာ ဆိုရင်တော့ အနည်းဆုံးတော့ အသက်ဘေးထိပါးမှုတော့ မရှိတော့ဘူး။ တစ်ကမ်းကူးလိုက်တာနဲ့ ဘ၀တွေ ခြားသွားတယ်။ အဲဒီအတွက် မြစ်တစ်စင်းမှာ အပြစ်မရှိပါဘူး။ နယ်ခြားပယ်ခြား နမိတ်ခြားဆိုတာ လူတွေ သတ်မှတ်ပြဌာန်းကြတာလေ။ သူ့မှာလည်း သူ့လျှောက်လဲချက်နဲ့သူ။ (က) မြစ်ဟာ သူ့အလုပ်သူလုပ်တယ်။ သူနှုန်းသူ နှင်တယ်။ အလျားလိုက်သွားချင်သွားမယ်၊ ဒေါင်လိုက်သွားချင်သွားမယ်။ အဲဒီလို သူ့ဘဝ သူကြောင်းနေနိုင်လား။ သိပ်တော့ မသေချာဘူး။ […]


