မီးပိုစားတဲ့ အေအိုင် နဲ့ တွေးဆစရာများ
Dawei Watch
November 10, 2024လောကဓာတ်သိပ္ပံဆရာတွေ ထွင်လိုက်တဲ့ ဉာဏ်ရည်တု (အေအိုင်) ဟာ ဒီကာလမှာ လူပြောသူပြော များလာတဲ့ ကိစ္စပါပဲ။ ဒီလိုပြောရတာကလည်း အေအိုင်နဲ့ ပတ်သက်လို့ တွေ့ရကြုံရတာတွေဟာ ဆေးလည်းဖြစ်သလို ဘေးလည်းဖြစ်တယ်ရယ်လို့ဆိုကြလို့ပါပဲ။ ဒီတော့လည်း ဒီလိုဆန်းသစ်မှုတွေကို သတိနဲ့ ကိုင်တွယ်ကြဖို့၊ ချဉ်းကပ်ကြဖို့ ပြောကြ ဟောကြ ထောက်ပြကြတာတွေရှိလာတာပ။ ပထမဆုံး အေအိုင်နဲ့ ပတ်သက်လို့ ပြောကြရတာက အေအိုင်ဟာ မီးအတော်စားသတဲ့။ စွမ်းအင်များများ သုံးရတယ်ပေါ့။ ရိုးရိုး ဂူးဂဲလ်မှာ တခုခုရှာတာနဲ့ ဒီကနေ့ သိကြတဲ့ Chat GPT မှာရှာတာ အမြန်နှုန်းကွာသလို သိရတဲ့ သတင်း အချက်အလက်ကလည်း ကွာတယ်။ ဒီလိုကွာသလိုပဲ မီးစားနှုန်းလည်း အတော်ကွာတယ်တဲ့။ ဂူးဂဲလ်မှာရှာတာနဲ့စာရင် Chat GPT မှာအချက်အလက်ရှာတာက မီးစားနှုန်း ၁၀ ဆထက်မက ပိုကုန်နိုင်တယ်တဲ့။ […]


