ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ကို အသက်ကယ်ဆေးထိုးလိုက်သည့် စစ်ကောင်စီ
Dawei Watch
August 11, 2024စစ်ကောင်စီအတွက် အသက်ရှူပေါက်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း နယ်မြေစိုးမိုးနိုင်မှု ကျဆင်းလာနေသဖြင့် စစ်ကောင်စီက ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ) ကို အာဏာကုန် ပေးအပ်ကာ အသက်ကယ်ဆေးထိုးရန် အစီအစဉ်ချလာသည်။ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း အရေးပေါ်စစ်ဆင်ရေးကိစ္စများတွင် အထက်ကိုတင်ပြရန်မလိုဘဲ တိုက်ရိုက်အမိန့်ပေးကွပ်ကဲရန်အတွက် နေပြည်တော်မှ ဗိုလ်မှူးချုပ်တစ်ဦးကို စစ်ကောင်စီက ထပ်တိုးတာဝန် ပေးအပ်လိုက်ခြင်းဖြစ်သည်။ နေပြည်တော်မှ ဗိုလ်မှူးချုပ်သက်ထွန်းဦးအား ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ကို ပူးတွဲကွပ်ကဲရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်ရိုက်အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ်သက်ထွန်းဦးကို တာဝန်ပေးလိုက်ကြောင်း ဩဂုတ်လ ၉ ရက်နေ့က ကမ်းရိုးတန်းစစ်ဌာနချုပ်ထံ စာပို့အကြောင်းကြားလိုက်ကြောင်း Dawei Watch ၏ စစ်ရေးသတင်း အရင်းအမြစ်က အတည်ပြုပြောဆိုသည်။ တနင်္သာရီတိုင်းအတွင်း အရေးပေါ်စစ်ဆင်ရေးကိစ္စများတွင် အထက်သို့တင်ပြကာ ခွင့်ပြုမိန့်စောင့်ရန်မလိုဘဲ ဗိုလ်မှူးချုပ်သက်ထွန်းဦးကသာ တိုက်ရိုက်အမိန့်ပေးမည် ဖြစ်သည်။ အဆိုပါ ဗိုလ်မှူးချုပ်မှာ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး […]


