အမှောင်ခေတ်ထဲက လူငယ်တွေ
Dawei Watch
June 29, 2024ဆန္ဒနဲ့ဘဝ ထပ်တူမကျပေမယ့် အားတင်းရင်း ထားဝယ်သားဖြစ်တဲ့ ကိုခိုင်စိုးတစ်ယောက် ရန်ကုန်မြေမှာ ကျင်လည်နေတာ တစ်နှစ်လောက်ရှိနေပါပြီ။ ပင်လယ်ရနံ့သင်းတဲ့ မြန်မာပြည်တောင်ဘက်အစွန်း မွေးရပ်မြေဖြစ်တဲ့ ကမ်းရိုးတန်းဒေသမှာ ကိုယ်ပိုင်လုပ်ငန်းနဲ့ အခြေကျနေပြီ ဖြစ်ပေမယ့် နိုင်ငံရေးပဋိပက္ခအခြေအနေက သူ့ကို နေရပ်စွန့်ခွာသူတစ်ယောက်အဖြစ် တွန်းပို့လိုက်တာပါ။ “ကိုယ့်အိမ်၊ ကိုယ့်ယာနဲ့ ကိုယ့်စီးပွားနဲ့ နေရတဲ့ ဘဝကနေ အခုဆိုရင် ရိုင်းရိုင်းပြောရမယ်ဆိုရင် လမ်းမှာ ခွက်ဆွဲပြီး မတောင်းစားရုံတမည်ပဲ ကျန်တော့တယ်” လို့ ကိုခိုင်စိုး(အမည်လွှဲ) က ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့တာ အခုဆိုရင် ရက်ပေါင်း ၁၃၀၀ နီးပါးရှိလာပါပြီ။ စစ်အာဏာသိမ်းလိုက်ကတည်းက မြန်မာနိုင်ငံသားတွေ အနာဂတ်ပျောက်ပြီး အမှောင်လွှမ်းခဲ့ကြရတာပါ။ အထူးသဖြင့် အညွန့်တလူလူနဲ့ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးတဲ့ လူငယ်တွေ ပိုပြီးထိခိုက်နစ်နာကြရပါတယ်။ တရားမဲ့ စစ်အာဏာသိမ်းမှုကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ခဲ့ကြရာမှာ […]


