၂၀၂၆-၂၀၂၇ ဘောလုံးရာသီရဲ့ချန်ပီယံလိဂ် ပတ်လည်ပွဲစဉ်တွေကို မဲခွဲထုတ်ပြန်လိုက်ချိန်မှာ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ပွဲစဉ်ကောင်းတွေ အများအပြား ပါဝင်လာခဲ့ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲကြီးဆီကို တစ်ကျော့ပြန်လည် ရောက်ရှိလာတဲ့ မန်ယူအသင်းဟာ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုနဲ့ ရိုးမားတို့လိုအသင်းတွေကို အားပြိုင်ရဖို့ ရှိနေတာကြောင့် နောက်တစ်ဆင့် တက်လှမ်းနိုင်ရေးအတွက် ရုန်းကန်ရဖွယ်ရှိနေပါတယ်။
လိုက်ပ်ဇစ်ဂျ်၊ ဗီလာရီးရဲလ်နဲ့ စပို့တင်းလစ္စဘွန်း တို့ဟာလည်း အသင်းကောင်းတွေဖြစ်လို့ မန်ယူ မလွယ်နိုင်လောက်ပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ အာဆင်နယ်ကတော့ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်၊ နာပိုလီ စတဲ့အသင်းတွေနဲ့ ထိပ်တိုက်ဆုံနေပါတယ်။
မန်စီးတီးအသင်းဟာလည်း ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ နာပိုလီ၊ ပေါ်တို၊ လိုက်ပ်ဇစ်ဂျ်တို့နဲ့ အားပြိုင်ရမှာပါ။ မန်စီးတီးနည်းပြသစ် မာရက်စ်ကာ ဟာ ချန်ပီယံလိဂ်စိန်ခေါ်မှုကို ရင်ဆိုင်နိုင်စွမ်း ဘယ်လောက် ရှိနေပြီလဲဆိုတာကို စမ်းသပ်မယ့် ပွဲစဉ်တွေပါပဲ။
မန်ယူ၏ချန်ပီယံလိဂ်ပြိုင်ဘက်များ
ဘိုင်ယန်မြူးနစ် (အိမ်ကွင်း)၊ အက်သလက်တီကို (အဝေးကွင်း)၊ ရိုးမား (အိမ်ကွင်း)၊ စပို့တင်းလစ္စဘွန်း (အဝေးကွင်း)၊ လိုက်ပ်ဇစ်ဂျ် (အိမ်ကွင်း)၊ ဗီလာရီးရဲလ် (အဝေးကွင်း)၊ ဆာဘား (အိမ်ကွင်း)၊ ကိုမို (အဝေးကွင်း)
အာဆင်နယ်၏ချန်ပီယံလိဂ်ပြိုင်ဘက်များ
ရီးရဲလ်မက်ဒရစ် (အိမ်ကွင်း)၊ ဘိုင်ယန်မြူးနစ် (အဝေးကွင်း)၊ ဒေါ့မွန် (အိမ်ကွင်း)၊ ဘက်တစ် (အဝေးကွင်း)၊ လိုင်လီ (အိမ်ကွင်း)၊ နာပိုလီ (အဝေးကွင်း)၊ ဆာဘား (အိမ်ကွင်း)၊ ဆလားဗီးယားပရပ်ဂ် (အဝေးကွင်း)
လီဗာပူး၏ ချန်ပီယံလိဂ်ပြိုင်ဘက်များ
အက်သလက်တီကို (အိမ်ကွင်း)၊ အင်တာမီလန် (အဝေးကွင်း)၊ ပေါ်တို (အိမ်ကွင်း)၊ ကလပ်ဘရုဂေး (အဝေးကွင်း)၊ ဗီလာရီးရဲလ် (အိမ်ကွင်း)၊ ဖီနာဘာချီ (အဝေးကွင်း)၊ လန်းစ် (အိမ်ကွင်း)၊ LASK (အဝေးကွင်း)
မန်စီးတီး၏ချန်ပီယံလိဂ်ပြိုင်ဘက်များ
ပီအက်စ်ဂျီ (အိမ်ကွင်း)၊ ဘာစီလိုနာ (အဝေးကွင်း)၊ စပို့တင်းလစ္စဘွန်း (အိမ်ကွင်း)၊ ပေါ်တို (အဝေးကွင်း)၊ နာပိုလီ (အိမ်ကွင်း)၊ လိုက်ပ်ဇစ်ဂျ် (အဝေးကွင်း)၊ အေအီးကေ အေသင် (အိမ်ကွင်း)၊ လန်းစ် (အဝေးကွင်း)
အက်စတွန်ဗီလာ၏ချန်ပီယံလိဂ်ပြိုင်ဘက်များ
ပီအက်စ်ဂျီ (အိမ်ကွင်း)၊ ဘာစီလိုနာ (အဝေးကွင်း)၊ ဒေါ့မွန် (အိမ်ကွင်း)၊ ကလပ်ဘရုဂေး (အဝေးကွင်း)၊ ဖီနာဘာချီ (အိမ်ကွင်း)၊ ဂါလာတာစာရေး (အဝေးကွင်း)၊ ဗိုက်ကင်း (အိမ်ကွင်း)၊ ဆလားဗီးယားပရပ်ဂ် (အဝေးကွင်း)







