ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမှားလုပ်ခဲ့တဲ့ VAR ဒိုင်လူကြီးတွေကို မန်ယူရဲ့ပွဲတွေမှာ တာဝန်မပေးတော့ဘူးလို့ ထုတ်ပြန်

September 15, 2026

ပရီးမီးယားလိဂ် ဒိုင်လူကြီးအဖွဲ့ချုပ် ဟာ မန်စီးတီးက မန်ယူကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှားလုပ်ခဲ့တဲ့ VAR ဒိုင်လူကြီးတွေကို ရှေ့လာမယ့် မန်ယူအသင်းရဲ့ ပွဲတွေမှာ တာဝန်ပေးတော့မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။

ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ ဟာ VAR ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်ကို ဘာတစ်ခုမှ မစစ်ဆေးဘဲ အတည်ယူခဲ့ပြီး မန်စီးတီးတိုက်စစ်မှူး ဟာလန်းရဲ့သွင်းဂိုးကို ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။

ဘောလုံးလမ်းကြောင်းမှာ လူကျွံအနေအထားရှိနေခဲ့တဲ့ မန်စီးတီးကစားသမား အင်ဇို ဖာနန်ဒက်ဇ်ရဲ့အနေအထားဟာ မန်ယူဂိုးသမားကို စိတ်အာရုံထွေပြားစေခဲ့တာကြောင့် ဒီဂိုးကို လူကျွံဘောအဖြစ်သာ သတ်မှတ်သင့်တယ်လို့ ပရီးမီးယားလိဂ် ဒိုင်လူကြီးအဖွဲ့ချုပ်က ဖွင့်ဟဝန်ခံခဲ့ပါတယ်။

ဒိုင်လူကြီးအဖွဲ့ချုပ်ဟာ မန်ယူအသင်းကိုလည်း ဒီအမှားအယွင်းအတွက် ဝန်ချတောင်းပန်ခဲ့ပြီး ကွင်းလယ်ဒိုင်လူကြီး မိုက်ကယ် အိုလီဗာအနေနဲ့ ကွင်းဘေးက မော်နီတာကို သွားရောက်မကြည့်ရှုဘဲ VAR ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်တာဟာ မှားတယ်လို့လည်း ပရီးမီးယားလိဂ် ဒိုင်လူကြီးအဖွဲ့ချုပ်က ပြောကြားထားပါတယ်။

မန်ယူနဲ့ မန်စီးတီးတို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကို VAR ဒိုင်ချုပ်အဖြစ် မတ် ဒိုနိုဟွီးနဲ့ VAR လက်ထောက်ဒိုင်အဖြစ် ဘလိခ် အန်ထရိုဘတ်စ် တို့က တာဝန်ယူခဲ့ကြတာဖြစ်ပြီး အခုအချိန်မှာတော့ သူတို့နှစ်ယေက်ကို ရှေ့လာမယ့် မန်ယူရဲ့ ပွဲစဉ်တွေမှာ VAR ဒိုင်တွေအဖြစ် တာဝန်ပေးတော့မှာ မဟုတ်ဘူးလို့ ပရီးမီးယားလိဂ် ဒိုင်လူကြီးအဖွဲ့ချုပ်က အသိပေးလိုက်ပါတယ်။