BREAKING
October 29, 2025

သတင်း

ထိုင်းအလယ်ပိုင်းတွင် မြန်မာလုပ်သားတစ်ဦး တောဝက်တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရ

Dawei Watch

July 22, 2025

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်ရတ်ချ်စီမားခရိုင်ရှိ ခြံထဲတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် ခြံနောက်တွင် မျှစ်သွားတူးစဉ် တောဝက်တိုက်ခိုက်ခံရသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၃ နာရီခန့်က ဝမ်းနခီယိုဒေသရှိ ထပ်လန်းအမျိုးသားဥယျာဉ်အနီး ခြံထဲတွင် အသက် ၅၆ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦး တောဝက်တိုက်ခိုက်ခံရခြင်းဖြစ်သည်။ တောဝက်တိုက်ခိုက်ခံရမှုကို ရွာလူကြီးမှတစ်ဆင့် အမျိုးသားဥယျာဉ်ရှိ ဝန်ထမ်းများကို ဆက်သွယ်လာသဖြင့် သွားရောက်ကြည့်ရှုစဉ် ဒဏ်ရာရရှိနေသော ခြံစောင့် မြန်မာအလုပ်သမားကို တွေ့ရှိရခြင်းဖြစ်သည်။ တောဝက်၏ အစွယ်ဖြင့် ထိခိုက်ထားမှုကြောင့် မြန်မာအလုပ်သမား၏ ခြေထောက်နှင့် ရင်ဘတ်များတွင် ဒဏ်ရာများ ရရှိနေဟုဆိုသည်။ ထို့ကြောင့် မြန်မာအလုပ်သမားကို နီးစပ်ရာ ဝမ်းနခီယိုဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ပြီး နောက်ပိုင်းတွင် မဟာရတ်ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ မြန်မာအလုပ်သမားသည် ခြံအနောက်တွင် […]

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလိန်အောင်မြို့အနီး ကျေးရွာအချို့က ဒေသခံများရွှေ့ပြောင်း

Dawei Watch

July 22, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးရှိ မိုင် ၆၀ ၊ သာယာမွန်နှင့် မရမ်းချောင်းရွာ များဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် ရွာသားများ ရွှေ့ပြောင်းနေကြကြောင်း ယင်းရွာသားများထံမှ သိရသည်။ ယနေ့ ဇူလိုင်လ ၂၂ ရက် နေ့လယ်ပိုင်းတွင် မောရဝတီရေတပ်စခန်းဌာနချုပ်ဘက်က မရမ်းချောင်းရွာဘက်သို့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရေး-ထားဝယ် ကားလမ်းမနံဘေးရှိ နေရာများတွင် ကျရောက်ပေါက်ကွဲကြောင်း မရမ်းချောင်းရွာသား တစ်ဦးက ပြောသည်။ ဓာတ်မီးတိုင်များတွင်လည်း ဝါယာကြိုးများ ပြတ်တောက်သွားသဖြင့် လတ်တလော လျှပ်စစ်ပြတ်တောက်နေကြောင်း ၎င်းက ဆိုသည်။ ဇူလိုင်လ ၂၁ ရက် ည ၁၁ နာရီခွဲခန့်တွင်လည်း မိုင် ၆၀ ရွာနှင့် သာယာမွန်ရွာများဘက်သို့ ကလိန်အောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများက ပြောဆိုသည်။ နတ်အိမ်တောင်လမ်းပိုင်းတွင် […]

ဘရန့်ဖို့ဒ်မှာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၉ ကိုပဲ မန်ယူမှာ ရယူလိုက်တဲ့ တိုက်စစ်မှူးသစ် အမ်ဘျူမို

Dawei Watch

July 22, 2025

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးသစ် အမ်ဘျူမိုဟာ ဘရန့်ဖို့ဒ်မှာဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၉ ကိုပဲ မန်ယူမှာလည်း ဆက်ခံရယူလိုက်တယ်လို့ Daily Mail က ရေးသားထားပါတယ်။ မန်ယူအသင်းဟာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အမ်ဘျူမိုကို ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း (အပိုဆုကြေး ပေါင် ၆ သန်း အပါအဝင် စုစုပေါင်း ပေါင် ၇၁ သန်း) နဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း ပြီးခဲ့တဲ့တနင်္လာနေ့က အတည်ပြုခဲ့ပါတယ်။ အမ်ဘျူမိုဟာ မန်ယူနဲ့ ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး ကစားသမားရဲ့စွမ်းဆောင်ရည်ကို နှစ်သက်သဘောကျခဲ့ရင် အသင်းဘက်က စာချုပ်သက်တမ်းကို နောက်ထပ် ၁၂ လ ထပ်တိုးခွင့် ရှိတယ်လို့လည်း မန်ယူက သဘောတူညီမှု ရယူထားပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့လတုန်း […]

တရုတ်တွင် အနုပညာရှင်တစ်ဦးကို ပထမဆုံးအကြိမ် သေဒဏ်စီရင်

Dawei Watch

July 22, 2025

ချစ်သူမိန်းကလေးကို သတ်ဖြတ်မှုဖြင့် တရုတ်နိုင်ငံသား အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် Zhang Yiyang ကို သေဒဏ်စီရင်ခဲ့ကြောင်း တရားရုံး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ CNA သတင်းတစ်ရပ်တွင် ယနေ့ ဖော်ပြသည်။ မိမိ၏ ချစ်သူမိန်းကလေးအား ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့သည်ဆိုပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၎င်းအား သေနတ်ပစ်အဖွဲ့ဖြင့် သေဒဏ်စီရင်ခဲ့ကြောင်း တရားရုံးက ဖော်ပြသည်။ ယင်းကြောင့် Zhang သည် သေဒဏ်စီရင်ခံရသည့် ပထမဆုံး တရုတ်အနုပညာရှင် ဖြစ်သည်။ တရုတ်အနုပညာကြယ်ပွင့် Zhang သည် The Soul Of The Dragon ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး I Only Care About People Who Care About Me နှင့် […]

မြိတ် ပင်လယ်ပြင်တွင် ငါးကဲ့(သယ်)လှေ နစ်မြုပ်ပြီး ငါးဦးသေဆုံးကာ တစ်ဦးပျောက်ဆုံး

Dawei Watch

July 22, 2025

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ စခန်းသစ်ရွာအနီး ပင်လယ်ပြင်တွင် ငါးကဲ့(သယ်)လှေတစ်စီး နစ်မြုပ်ပြီး လှေလုပ်သား အမျိုးသားငါးဦး သေဆုံးပြီး တစ်ဦးပျောက်ဆုံးနေကြောင်း မြို့ခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။ ငါးသယ်လှေ (ဝါလတ်လှေအကြီးမှ ငါးပြန်သယ်သည့်လှေငယ်) တစ်စီးသည် မြိတ်ပင်လယ်ပြင်တွင် ဇူလိုင်လ ၁၉ ရက်က နစ်မြုပ်ခြင်းဖြစ်ပြီး အမျိုးသားနှစ်ဦးကိုမူ ကယ်တင်နိုင်ခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ အမျိုးသားငါးဦး၏ ရုပ်အလောင်းမှာ ဇူလိုင်လ ၂၀ရက်တွင် ပြန်လည်ဆယ်ယူရရှိပြီး မြိတ်မြို့ ၊ ဆိပ်ငယ်ရပ်၊ ပြည်တော်သာ ဘောတံတားသို့ ဇူလိုင်လ ၂၁ ရက် ညတွင် ရောက်ရှိလာကြောင်း သေဆုံးသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ “လှေမြုပ်ပြီး နောက်တစ်နေ့မှာ အလောင်းတွေပြန်ရတယ်။ အလောင်းတွေကို ရေခဲရိုက်ပြီး အခြားလှေအကူအညီနဲ့ သယ်လာပြီး မြိတ်က ပရဟိတအသင်းတွေကနေတစ်ဆင့် ဆေးရုံကို ရင်ခွဲဖို့ […]

ကျိုက်ထိုတွင် စစ်ဆေးရေးဂိတ်ကို ခရီးသည်တင်ယာဉ် တိုက်မိ၊ ရဲတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရ

Dawei Watch

July 22, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ သဲဖြူချောင်းတံတား စစ်ဆေးရေးဂိတ်ကို ခရီးသည်တင် မှန်လုံယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်သောကြောင့် ရဲတပ်သားတစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရကြောင်း မြိုခံများထံမှ သိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၁ ရက် မွန်းလွဲ ၁နာရီခန့်က ကျိုက်ထိုမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာသည့် အာကာမင်း ခရီးသည်တင် မှန်လုံယာဉ်တစ်စီးက ဝင်တိုက်မိခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “မှန်လုံကားက အရှိန်မထိန်းနိုင်ဘဲ အဲဒီစစ်ဆေးရေးကို ဝင်တိုက်တော့ အဲဒီဂိတ်မှာ ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ပါသွားတယ်။ တစ်ဦးကတော့ ပွဲချင်းပြီးဖြစ်သွားတယ်။ နောက်တစ်ဦးကလည်း ဒဏ်ရာရသွားတယ်။ ကားပေါ်က ခရီးသည်တွေကတော့ ဘာမှ မဖြစ်ကြဘူး” ဟု ၎င်းက ဆိုသည်။ ယာဉ်ဝင်တိုက်မှုဖြစ်ပွားပြီးနောက် ခရီးသည်တင်မှန်လုံယာဉ်၏ ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးသွားကြောင်း အထက်ပါမြို့ခံက ပြောဆိုသည်။ […]

လောင်းလုံးတွင် စစ်ကောင်စီ လက်နက်ကြီးထိ၍ ဖခင်ဖြစ်သူသေပြီး သမီးဒဏ်ရာရ

Dawei Watch

July 22, 2025

လောင်းလုံးတွင် စစ်ကောင်စီတပ်မှ ပစ်သည့် လက်နက်ကြီးကျည်ဆန်မှာ သားအဖနှစ်ဦးကို ထိမှန်ပြီး အဖေသေဆုံးကာ၊ သမီးဖြစ်သူလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါလက်နက်ကြီးသည် ထားဝယ်မြို့ပေါ်ရှိ နတလ ရုံးနှင့် အကောက်အခွန်ရုံးတို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ယနေဇူလိုင်လ ၂၂ ရက်နေ့ နေလယ် ၁၁ နာရီခွဲခန့်တွင် လောင်းလုံးမြို့ဘက်သို့ ပစ်ခတ်ရာ လောင်းလုံးမြို့နယ် ၊သဗျာကျေးရွာအုပ်စု ၊ပန်းတောပြင် ကျေးရွာရှိ နေအိမ်တစ်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ယင်းကျည်စထိမှန်၍ အသက် ၆၀ ကျော်အရွယ် ဦးဉာဏ်စော သေဆုံးခဲ့ပြီး အသက် ၃၅ နှစ်အရွယ်ရှိ သမီးဖြစ်သူ မမေယု လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အဖေက အပြင်မှာထိုင်နေတယ်။ သူ့ သမီးက အိမ်ထဲမှာ ၊လက်နက်ကြီးက […]

ကုလလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ သုံးစွဲမှုကို ပြုပြင်ပြောင်းလဲရန် မလေးရှား တိုက်တွန်း

Dawei Watch

July 22, 2025

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏ ဗီတိုအာဏာသုံးစွဲမှုနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ မလေးရှားအစိုးရက အဆိုပြုလျက်ရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြောဆိုလိုက်သည်။ ဂါဇာအရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲအများစုဖြင့် အတည်ပြုခဲ့သော်လည်း ယင်းတို့အား အကောင်အထည်ဖော်မှုမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏ ဗီတိုအာဏာအသုံးပြုမှုကြောင့် မကြာခဏ နှောင့်နှေးကြန့်ကြာနေရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဆိုသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံတွင် တရုတ် ၊ ပြင်သစ် ၊ ရုရှား ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်ပြီး ယင်းအဖွဲ့များက ဗီတိုအာဏာအသုံးပြု၍ ပယ်ချခြင်းများ လုပ်ဆောင်နိုင်သည်။ “ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း အတည်ပြုခဲ့တာတောင်မှ ကံမကောင်းစွာနဲ့ပဲ ဒီဗီတိုအာဏာကို သုံးခဲ့ကြတယ်။ ဒါကြောင့်ပဲ ဒီဗီတိုအာဏာအသုံးပြုတာကို […]