ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိပ်တန်းသတင်း

အီရန်တွင် ဆန္ဒပြသူများကို ဆေးကုပေးသည့် ဆရာဝန်များ ဖမ်းဆီးခံရ

January 29, 2026

အီရန်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို ဆေးကုသပေးသည့် ဆရာဝန်များ ဖမ်းဆီးခံနေရပြီး ခွဲစိတ်ဆရာဝန် တစ်ဦးထက်မနည်းမှာ သေဒဏ်ချမှတ်ခံရနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း The Guardian သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဆန္ဒပြသူများကို အီရန်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဒဏ်ရာရသူ သောင်းနှင့်ချီရှိသည့်အနက် အချို့ကို အဆိုပါ ဆရာဝန်များက ကယ်တင်ကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။ အီရန်အာဏာပိုင်များ၏ အဆိုပါ ဖမ်းဆီးမှုများနှင့် သေဒဏ်ပေးမှုများမှာ ‘လက်စားချေ’ စစ်ဆင်ရေးတစ်ခု ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များကဝေဖန်ထောက်ပြသည်။ အနီးကပ် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဆန္ဒပြသူများ၊ ဓားဖြင့် အထိုးခံရသူများကို အဆိုပါ ဆရာဝန်များက လျစ်လျူမရှုဘဲ ယာယီဆေးကုသဆောင်များဖြင့် ကုသပေးခဲ့ကြောင်း သိရသည်။ အသက် ၅၂ နှစ်အရွယ် ခွဲစိတ်ဆရာဝန်တစ်ဦးမှာ သေဒဏ်ကျခံရနိုင်သည့် “ဘုရားသခင်ကို စစ်ကြေညာခြင်း” (Moharebeh) အမှုဖြင့် စွဲချက်တင်ခံထားရသည်။ ၎င်းအား […]

လောင်းလုံး ညင်းမော်ရွာအနီး တိုက်ပွဲဖြစ်

January 29, 2026

လောင်းလုံးမြို့နှင့် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည့် ညင်းမော်ကျေးရွာအနီးတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေး တပ်တို့ကြား ယနေ့ နံနက်ပိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့မှ ယနေ့ ဇန်နဝါရီလ ၂၉ရက် နံနက် ၃ နာရီခန့်တွင် ညင်းမော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်အာဏာရှင်တပ်ကို နံနက် ၁၁ နာရီခန့်တွင် တော်လှန်ရေးတပ်တို့က ပစ်ခတ်တိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ရွာအနောက်မှာ ဖြစ်တယ်။ (စစ်အာဏာရှင်တပ်က) သူတို့က တော (လမ်း) ကြောင်းအတိုင်း လာကြတော့ အဲဒီမှာ ထိတွေ့မှု ဖြစ်ကြတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ညင်းမော်ရွာသည် ရှင်ကိုးရှင် စာရင်းဝင် ရှင်မော်ဘုရားကိုသွားသည့် လမ်းမပေါ်တွင် တည်ရှိသည်။ ညင်းမော်ကျေးရွာတွင် စစ်အာဏာရှင်တပ် တပ်စွဲထားသည်မှာ သုံးလနီးပါးကြာလာပြီဖြစ်ရာ ယနေ့ […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ တစ်ရာကျော် ဖမ်းဆီးခံရ

January 29, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၁၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၂၉ ရက် နံနက် ၂ နာရီတွင် ထိုးဖားဖမ်းဒေသ ထာ့ခနူနေရာရှိ ကမ်းစပ်တွင် မြန်မာနိုင်ငံသားများက ရေလှောင်ကန်ကိုဖြတ်ပြီး အုပ်စုလိုက် တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် နယ်မြေခံ အုပ်ချုပ်ရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။ စစ်ဆေးစဉ် ကားသုံးစီး ရပ်ထားသည်ကို တွေ့ရှိခဲ့ပြီး ကားနောက်ပိုင်းကို တာလပတ်များဖြင့် ဖုံးထားသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ ကားမောင်းသမားများကို စစ်ဆေးခဲ့ရာ အသက် ၁၆ နှစ်အရွယ် ထိုင်းကားသမားတစ်ဦးကို တွေ့ရှိခဲ့ပြီး ကျန်ကားသမားများမှာ ထွက်ပြေးလွတ်မြောက်သွားသည်။ ကားများထဲတွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ၁၁၂ ဦးကို […]

ပုလောမြို့နယ် တိုရွာရှိ နေအိမ်များကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီး

January 29, 2026

စစ်အာဏာရှင်တပ်သားများက မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ တိုရွာရှိ နေအိမ်များကို မနေ့ညက မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၈ ရက် ညပိုင်းတွင် တိုရွာအနီး၌ စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်၊ စစ်အာဏာရှင်တပ်သားများက တိုရွာရှိ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ဆိုသည်။ “ညက ပစ်ခတ်မှု အနည်းငယ်ဖြစ်ပြီး တိုရွာကို မီးရှို့တယ်။ သူတို့ဘက်က တောက်လျှောက်ပစ်ပြီး မီးဆင်းရှို့တယ်လို့ ကြားရတယ်။ ရွာမှာ လူမနေတာတော့ ကြာပြီ။ ရွာထဲမှာ သူတို့ပဲရှိတော့ ဘယ်နှစ်အိမ် လောင်သွားလဲဆိုတာ မသိရသေးဘူး” ဟု အထက်ပါ နီးစပ်သူအချို့က ပြောသည်။ ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှစ၍ တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်သားများ တိုက်ပွဲဖြစ်ပွားပြီးနောက်၊ စစ်အာဏာရှင်တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ရွာသားများ […]

ဒေသတွင်းသတင်း

တနင်္သာရီတိုင်းတွင် စစ်အုပ်စုပါတီက သုံးဦးထပ်အနိုင်ရ

January 20, 2026

ရွေးကောက်ပွဲအပိုင်း (၂) ပြုလုပ်ခဲ့သည့် ရေဖြူ၊ ကျွန်းစု၊ တနင်္သာရီသုံးမြို့နယ်ထဲတွင် စစ်အုပ်စု ကျောထောက်နောက်ခံ ဖြစ်သည့် ကြံ့ခိုင်ရေးပါတီက သုံးဦး ထပ်မံအနိုင်ရကြောင်း စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်တို့တွင် ပြည်သူ့လွှတ်တော် နှစ်နေရာနှင့် ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့ကို ပေါင်းထားသည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၆) တို့တွင် အနိုင်ရခြင်းဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း (၂) တွင်ပါဝင်သည့် တိုင်းဒေသကြီးလွှတ်တော်နေရာအတွက်မူ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းအထိ ထုတ်ပြန်ခြင်း မရှိသေးပေ။ ရွေးကောက်ပွဲအပိုင်း (၁) ဖြစ်သည့် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းတို့တွင်မူ ကြံ့ခိုင်ရေးပါတီက လွှတ်တော်သုံးရပ်ပေါင်း ကိုယ်စားလှယ် ၁၃ ဦး အနိုင်ရထားပြီး ပြည်သူ့ပါတီက တိုင်းလွှတ်တော်ကိုယ်စားလှယ် တစ်ဦး […]

စစ်အုပ်စုရွေးကောက်ပွဲ တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေး တစ်ဆယ်ကျော်၊ ပြည်သူ့ပါတီကတစ်ဦး အနိုင်ရ

January 8, 2026

စစ်ကော်မရှင် ကျင်းပသည့် တနင်္သာရီတိုင်း ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည့် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း လေးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် အများစုအနိုင်ရပြီး ပြည်သူ့ပါတီက တစ်ဦး အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ကြံ့ခိုင်ရေးပါတီက ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လေးဦးစလုံး အနိုင်ရထားသည်။ ယင်းအပြင် အပိုင်း (၃) တွင် ပါဝင်သည့် လောင်းလုံးနှင့် အပိုင်း (၂) တွင် ပါဝင်သည့် ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးမှာလည်း ပြိုင်ဘက် မရှိသဖြင့် ယှဉ်ပြိုင်ရန် မလိုတော့ဘဲ ကြံ့ခိုင်ရေးပါတီက အလိုအလျောက် အနိုင်ရထားသည်။ ယင်းအတွက်ကြောင့် ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်တွင် ခြောက်ဦး အနိုင်ရထားသည်။ […]

ရွှေ့ပြောင်းလုပ်သား

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ တစ်ရာကျော် ဖမ်းဆီးခံရ

January 29, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၁၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၂၉ ရက် နံနက် ၂ နာရီတွင် ထိုးဖားဖမ်းဒေသ ထာ့ခနူနေရာရှိ ကမ်းစပ်တွင် မြန်မာနိုင်ငံသားများက ရေလှောင်ကန်ကိုဖြတ်ပြီး အုပ်စုလိုက် တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် နယ်မြေခံ အုပ်ချုပ်ရေးအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဆိုသည်။ စစ်ဆေးစဉ် ကားသုံးစီး ရပ်ထားသည်ကို တွေ့ရှိခဲ့ပြီး ကားနောက်ပိုင်းကို တာလပတ်များဖြင့် ဖုံးထားသည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။ ကားမောင်းသမားများကို စစ်ဆေးခဲ့ရာ အသက် ၁၆ နှစ်အရွယ် ထိုင်းကားသမားတစ်ဦးကို တွေ့ရှိခဲ့ပြီး ကျန်ကားသမားများမှာ ထွက်ပြေးလွတ်မြောက်သွားသည်။ ကားများထဲတွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ၁၁၂ ဦးကို […]

ထိုင်းတွင် လုပ်ငန်းခွင်ထဲ လက်ချောင်းများဆုံးရှုံးသော မြန်မာတစ်ဦး နစ်နာကြေးရရှိရန် အလုပ်ရှင်က တာဝန်မယူ

January 26, 2026

ထိုင်းနိုင်ငံ လယွန်ခရိုင်ရှိ စက်ရုံတွင် အလုပ်လုပ်နေစဉ် မတော်တဆမှုကြောင့် လက်ချောင်းများပြတ်သွားသော မြန်မာအလုပ်သမားအတွက် အလုပ်ရှင်က တာဝန်မယူသဖြင့် ခြောက်လကျော်ကြာသည်အထိ နစ်နာကြေး မရသေးကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်က ကိုမျိုးသန့်သည် လေယာဉ်အပိုပစ္စည်းစက်ရုံထဲ ကော်ကြိတ်နေစဉ် လက်အိတ်အစသည် စက်နှင့် ငြိပါသွားသဖြင့် ဘယ်ဘယ်လက်လည်း စက်ထဲ ဝင်ပါခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။ မတော်တဆမှုဖြင့်ပြီးနောက် ဆေးရုံ သုံးရုံတွင် အသီးသီးလွှဲပြောင်း၍ ၂၈ ရက်အကြာ ဆေးကုသမှုခံယူခဲ့ရပြီး ဘယ်ဘက်လက်တွင် လက်ချောင်း လေးချောင်းကို ဖြတ်တောက်လိုက်ရကြောင်း WAG အဖွဲ့ထံမှ သိရသည်။ ကိုမျိုးသန့်၏ ဆေးကုသမှုစရိတ်များကို အလုပ်ရှင်နှင့် လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) များက ကျခံပေးခဲ့ပြီး အလုပ် နားနေသည့်အချိန်တွင်လည်း […]

ကမ္ဘောဒီယားမှ ပြန်ပို့သည့် အွန်လိုင်းလောင်းကစားတွင်ပါဝင်သူ မြန်မာလေးရာနီးပါး မြိတ်မြို့သို့ရောက်လာ

January 26, 2026

ကမ္ဘောဒီးယားနိုင်ငံမှ လွှဲပြောင်းပေးလိုက်သည့် အွန်လိုင်းလိမ်လည် လောင်းကစားတွင် ပါဝင်သူ မြန်မာနိုင်ငံသား ၃၈၀ ဦး ယနေ့ ဇန်နဝါရီ ၂၆ ရက်တွင် မြိတ်မြို့သို့ ရောက်ရှိကြောင်း စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားသည်။ အွန်လိုင်းလိမ်လည်လောင်းကစားမှုဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများကို ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာသံရုံးသို့ လွှဲပြောင်းပေးပြီးနောက် ယခုကဲ့သို့ မြိတ်မြို့သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းတွင်ပါဝင်သည့် မြန်မာနိုင်ငံသား ၅၅၆ ဦး ကမ္ဘောဒီးနိုင်ငံက လွှဲပြောင်းပေးခဲ့သည့်အနက် မြိတ်မြို့သို့ ၃၈၀ ဦး ရောက်ရှိလာခြင်းဖြစ်သည်။ ပထမအသုတ် ၁၃၆ ဦးကို မန္တလေးမြို့သို့ ဇန်နဝါရီလ ၂၃ ရက်က ပို့ဆောင်ပေးခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်တွက်မူ နောက်ထပ် မြန်မာနိုင်ငံသား ၅၀ ဦးကို မန္တလေးမြို့သို့ပင် ပို့ဆောင်ခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။ ကျန်ရှိသည့် […]

နိုင်ငံတကာသတင်း

အီရန်တွင် ဆန္ဒပြသူများကို ဆေးကုပေးသည့် ဆရာဝန်များ ဖမ်းဆီးခံရ

January 29, 2026

အီရန်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို ဆေးကုသပေးသည့် ဆရာဝန်များ ဖမ်းဆီးခံနေရပြီး ခွဲစိတ်ဆရာဝန် တစ်ဦးထက်မနည်းမှာ သေဒဏ်ချမှတ်ခံရနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း The Guardian သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ဆန္ဒပြသူများကို အီရန်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဒဏ်ရာရသူ သောင်းနှင့်ချီရှိသည့်အနက် အချို့ကို အဆိုပါ ဆရာဝန်များက ကယ်တင်ကုသပေးနေခြင်းဖြစ်ကြောင်း သိရသည်။ အီရန်အာဏာပိုင်များ၏ အဆိုပါ ဖမ်းဆီးမှုများနှင့် သေဒဏ်ပေးမှုများမှာ ‘လက်စားချေ’ စစ်ဆင်ရေးတစ်ခု ဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များကဝေဖန်ထောက်ပြသည်။ အနီးကပ် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဆန္ဒပြသူများ၊ ဓားဖြင့် အထိုးခံရသူများကို အဆိုပါ ဆရာဝန်များက လျစ်လျူမရှုဘဲ ယာယီဆေးကုသဆောင်များဖြင့် ကုသပေးခဲ့ကြောင်း သိရသည်။ အသက် ၅၂ နှစ်အရွယ် ခွဲစိတ်ဆရာဝန်တစ်ဦးမှာ သေဒဏ်ကျခံရနိုင်သည့် “ဘုရားသခင်ကို စစ်ကြေညာခြင်း” (Moharebeh) အမှုဖြင့် စွဲချက်တင်ခံထားရသည်။ ၎င်းအား […]

အနိုင်ရပါက မြန်မာအလုပ်သမားရေးအဖွဲ့များကို နှိမ်နင်းမည်ဟု ထိုင်းဖတ်ဒီးပါတီက မဲဆွယ်

January 28, 2026

ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သော Thai Pakdee Party (ထိုင်းဖတ်ဒီးပါတီ)က ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသော NGO အဖွဲ့များကို နှိမ်နင်းသွားမည်ဟု ပြောဆိုထားသော ရုပ်သံဖိုင်ဖြင့် မဲဆွယ်စည်းရုံးနေသည်။ ဇန်နဝါရီလ ၂၇ ရက်နေ့ ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် Thai Pakdee Party ၏ Facebook စာမျက်နှာ၌ ထုတ်လွှင့်ခဲ့သော ရုပ်သံမှတ်တမ်းအရ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေး ကူညီပေးနေသော NGO အဖွဲ့များကို နှိမ်နင်းပေးမည်ဖြစ်ပြီး NGO ဥပဒေနှင့် ပတ်သက်၍ ပိုမိုတင်းကျပ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသည့် မြန်မာအလုပ်သမား ကူညီရေးအဖွဲ့များ၊ အလုပ်သမားသမဂ္ဂဖွဲ့စည်းရေး ကူညီဆောင်ရွက်ပေးနေသော NGO အဖွဲ့များကို နှိမ်နင်းပေးမည်ဖြစ်ကြောင်း မဲဆွယ်စည်းရုံးခဲ့ခြင်းဖြစ်သည်။ ပါတီ၏ မူဝါဒ (Policy) အရ မြန်မာနိုင်ငံသားများ […]

တရားစွဲခံထားရသည့် TikTok ကုမ္ပဏီ အမှုကျေအေးရန် သဘောတူညီမှုရ

January 28, 2026

လူငယ်များကို စွဲလမ်းစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသည်ဆိုသော စွပ်စွဲချက်ဖြင့် အမေရိကတွင် တရားစွဲဆိုခံထားရသည့်အမှုကို တရားရုံးပြင်ပတွင် ကျေအေးရန် TikTok ကုမ္ပဏီက ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သဘောတူညီခဲ့သည်။ တရားရုံးမှတ်တမ်းအရ အသက် ၁၉ နှစ်အရွယ် တရားလိုအမျိုးသမီးတစ်ဦးက အဆိုပါ ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ ဆွဲဆောင်မှုရှိသော ဒီဇိုင်းများကြောင့် သူမအနေဖြင့် ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရသည်ဟု စွပ်စွဲထားသည်။ အဆိုပါ ဆိုရှယ်မီဒီယာပလက်ဖောင်းများကြောင့် သူမတွင် စိတ်ဓာတ်ကျခြင်းနှင့် မိမိကိုယ်ကိုယ် အဆုံးစီရင်လိုစိတ် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း အဆိုပါ တရားလိုအမျိုးသမီးက စွပ်စွဲအပြစ်တင်ထားသည်။ အဆိုပါ တရားလိုအမျိုးသမီးနှင့် TikTok ကုမ္ပဏီအကြား အမှုကျေအေးရန် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သူမ၏ ရှေ့နေ Joseph VanZandt က ဆိုသည်။ ယင်းကြောင့် ဆိုရှယ်မီဒီယာကုမ္ပဏီများကို အမေရိကန်နိုင်ငံတွင် […]