လောင်းလုံး ကျေးလက်ဒေသဖွံ့ ဖြိုးရေးအတွက် ကျပ်သိန်း ၁၀ဝ၀ ကျော်သုံးမည်

0
334
Dawei Watch, Dawei News, Dawei News Media

ယခုဘဏ္ဍာနှစ်တွင် လောင်းလုံးမြို့နယ် ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေလုံး၊ ငွေရင်းအသုံး စာရိတ်မှ ကျပ်သိန်းပေါင်း တစ်ထောင်ကျော်(၁၃၉၀ သိန်း) အသုံးပြုမည်ဖြစ် ကြောင်း ယင်းဌာနထံမှ သိရသည်။

ယင်းရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ မြေသားလမ်း၊ ဂါလံငါးထောင်ဆံ့ ‌ရေကန်ငါးကန်နှင့် ဂါလံတစ်သောင်းဆံ့ ရေကန် နှစ်ကန် လုပ်ဆောင်မည်ဖြစ်ကြောင်း အထက်ပါဌာန ဦးစီးမှူး ဒေါ်နိုနိုကိုက ပြောသည်။

လောင်းလုံးစည်ပင် လုပ်ငန်းအတွက် ယမန်နှစ်ထက် ကျပ်သိန်း ၃၀ဝ ကျော် ပိုသုံးခွင့်ရ

ယင်းလုပ်ငန်းများကို ဝက်သားကင်၊ ကျောက်နီမော်၊ ကရင်ကြီး၊ သဗျာ၊ အောက်ကျောက်ဝပ်၊ စခန်းကြီးတို့တွင် ဆောင်ရွက်မည်ဖြစ်သည်။

လောင်းလုံးမြို့နယ်ရှိ ကြက်ယက်တွင်းကျေးရွာအား ယခုဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင်ကျေးရွာအဖြစ် သတ်မှတ်နိုင်ရေးအတွက်လည်း တင်ပြထားကြောင်း ၎င်းကပြောသည်။

လောင်းလုံးအင်းဖျားကန်ပန်းခြံ ၇၅ ရာခိုင်နှုန်း ပြီးစီး

မြစိမ်းရောင်ကျေးရွာအဖြစ်သတ်မှတ်ခံရပါ ငွေကျပ်သိန်းငါးရာကို ကျေးရွာဖွံ့ဖြိုးရေးရံပုံငွေအဖြင့်ရရှိမည်ဖြစ်ပြီး ယင်းရန်ပုံငွေအား အရင်းမပျောက်စေဘဲ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး သမားများကို ငွေထုတ်ချေးခွင့်ရမည်ဖြစ်သည်။

ဟိဏ်းဇော်