လောင်းလုံးစည်ပင် လုပ်ငန်းအတွက် ယမန်နှစ်ထက် ကျပ်သိန်း ၃၀ဝ ကျော် ပိုသုံးခွင့်ရ

0
309
Dawei Watch, Dawei News, Dawei News Media

ယခုဘဏ္ဍာနှစ်တွင် လောင်းလုံးမြို့နှင့် ကျေးရွာလေးရွာတို့၏ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ရန်ပုံငွေ သိန်းသုံးရာကျော် ပိုသုံးစွဲခွင့်ရကြောင်း မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

လောင်းလုံးမြို့နယ်သည် ယမန်နှစ်က ကျပ်သိန်းပေါင်း တစ်သောင်းကျော် ၁၀၅၀ဝသိန်း) သာသုံးစွဲခွင့်ရခဲ့ပြီး ယခု ဘဏ္ဍာနှစ်တွင်မူ ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ရာကျော်(၁၀၈၄၈ သိန်း) သုံးစွဲခွင့်ရခဲ့ကြောင်း မြို့နယ်စည်ပင် သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဌေးက ပြောသည်။

ယင်းရရှိသော ရန်ပုံငွေများဖြင့် မြို့ပေါ်ရပ်ကွက်နှင့် မောင်းမကန်၊ သောကြာပြင်၊ ရေဖြူ၊ ပြင်ထိန် စသည့်ကျေးရွာ လေးရွာတို့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ဦးကျော်ဌေးက ဆိုသည်။

မြို့ပြဖွံ့ ဖြိုးရေးအတွက် သရက်ချောင်းစည်ပင် သိန်းတစ်သောင်းကျော် သုံးမည်

လမ်း ၁၄ လမ်း၊ တံတား ရှစ်စင်း၊ ဈေးရုံငယ်တစ်ခု(ရေဖြူ)၊ ငါးဈေးတန်း တစ်ခု(သောကြာပြင်) စသည်တို့ကို ဆောင်ရွက်မည်ဖြစ်ပြီး ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း၊ ရေမြောင်းတူးဖော်ခြင်း၊ မြို့ပြစိမ်းလမ်းစိုပြည်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ပစ္စည်းတင်ဒါခေါ် လုပ်ငန်းကို စည်ပင်က ဆောင်ရွက်သည့် ပုံစံဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

သရက်ချောင်းမြို့နယ်စည်ပင်သာယာရေး အဖွဲ့သည်လည်း ယခုနှစ်တွင် မြို့ပြဖွံ့ဖြိုးရေးအတွက် ကျပ်သိန်းပါင်း တစ်သောင်းကျော်ကို သုံးစွဲခွင့်ရထား သည်။

ဟိဏ်းဇော်