ဒယ်လ်ကိုသတ္တုကုမ္ပဏီက သတ္တုလုပ်ကွက်အသစ်လျှောက်ထားမှု ဒေသခံများ သဘောမတူ

0
536

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ဒယ်လ်ကို(Delco) သတ္တုကုမ္ပဏီက အကြီးစားသတ္တုလုပ် ကွက်အသစ် စမ်းသပ်တိုင်းတာရန် လျှောက်ထားချက်ကို ဒေသခံများက သဘောမတူသဖြင့် ကန့်ကွက်ရန် ပြင်ဆင်နေကြောင်း ကံပေါက်ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ဒယ်လ်ကိုကုမ္ပဏီသည် လက်ရှိ ကံပေါက်ရှိ မြေဧက နှစ်ထောင်ကျော်ပေါ်တွင် သတ္တုထုတ်လုပ်ခွင့်ကို ၂၀၂၅ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရထားသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

ရေဖြူတွင် ပိတောက်သစ်ခွဲသား ဆယ်တန်ကျော်ဖမ်းမိ

ယင်းလုပ်ကွက်အပြင် နောက်ထပ် မြေဧက နှစ်ထောင်ကျော်(၂၁၁၀) ပေါ် တွင် သတ္တုစမ်းသပ်တိုင်းတာရန် လျှောက်ထားလာကြောင်းနှင့် ကန့်ကွက်လိုက ကန့်ကွက်နိုင်ကြောင်း ရေဖြူမြို့နယ် မြေစာရင်းဦးစီးဌာတွင် သြဂုတ်လ ၈ ရက်က စတင်ကြေညာခဲ့သည်။

ယင်းသို့ ကြေညာထားသည်ကို ဒေသခံများက လုံးဝမသိကြောင်း ကံပေါက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်စိုးက ပြောသည်။

ယင်းကြေညာချက်သည် ကံပေါက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ စက်တင်ဘာလ ၂ ရက်ကမှ ရောက်လာကြောင်း ဦးခင်စိုးက ပြောသည်။ ကန့်ကွက်လိုသူများ နောက်ဆုံးထားကန့်ကွက်ရမည့်ရက်မှာ စက်တင်ဘာလ ၁၁ ရက် ဖြစ်သည်။

ယင်းသို့ ကန့်ကွက်ရမည့်ရက်နှင့် နီးကပ်ပြီးမှ ရောက်လာသည့်စာကြောင့် ဒေသခံများက ကန့်ကွက်စာတင်ရန် အလျင်စလို လုပ်ဆောင်နေရကြောင်း ဦးခင်စိုးက ပြောသည်။

“ဒေသခံရွာသားတွေကတော့ ကန့်ကွက်ကြမယ်။ အားလုံးပြင်ဆင် နေကြပြီ” ဟု ဦးခင်စိုးက ပြောသည်။

ယခု ဒယ်လ်ကိုကုမ္ပဏီမှ လျှောက်ထားသည့် မြေဧရိယာအထဲတွင် ကျေးရွာသားများနေထိုင်သည့်ဧရိယာများ၊ ဥယျာဉ် ခြံမြေများ ပါဝင်နေသဖြင့် လျှောက်ထားသည့်နေရာတစ်ခုလုံးကို ဒေသခံများက ကန့်ကွက်လိုခြင်း ဖြစ်သည်။ ယင်းအပြင် လက်ရှိလူနေထိုင်မူပုံစံအပါအဝင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကြောင့်ပါ ဒယ်လ်ကိုသတ္တုကုမ္ပဏီ၏ လုပ်ကွက်သစ် စမ်းသပ်တိုင်းတာမှုကို ဒေသခံများက မလိုလားခြင်း ဖြစ်သည်။

သူနာပြုသားဖွားနှင့် ဘက်စုံသားဖွား ဒီပလိုမာသင်တန်း လျှောက်လွှာခေါ်ယူ

“တကယ်လို့သာ ခွင့်ပြုချက်ပေး လိုက်မယ်ဆိုရင် အစိုးရနဲ့ ပြည်သူတွေ ထိပ်တိုက်ပြန်တွေ့နိုင်တယ်” ဟု ဦးခင်စိုး က ဆိုသည်။

ရေဖြူမြို့နယ် မြေစာရင်းဦးစီးမှူး ဦးရဲဝင်းကမူ ဒေသခံများက မည်သည့် ပုံစံဖြင့် ကန့်ကွက်လာသည်ဖြစ်စေ သီးခြား အဖွဲ့အဖွဲ့စည်းကာ ကန့်ကွက်ရသည့် အကြောင်းရင်းကို စစ်ဆေးရမည်ဖြစ် ကြောင်း ပြောသည်။

သီးခြားအဖွဲ့ဆိုသည်မှာ အခြားမြို့နယ်တစ်ခုခုက မြေစာရင်းဦးစီးဌာန ဦးစီးမှူးအဆင့်ရှိသူတစ်ဦး ဦးဆောင်သည့် အဖွဲ့ကိုဆိုလိုခြင်း ဖြစ်သည်။

ရေဖြူမြို့နယ် မြေစာရင်းဦးစီးဌာနသည် ကနဦးကန့်ကွက်လွှာခေါ်သည့်စာတွင် အကြီးစားသတ္တုလုပ်ကွက် တူးဖော်ရန်ဟု ရေးသားပြီး ကန့်ကွက်လွှာမှားယွင်းခေါ်ယူခဲ့သည်။ အမှန်မှာ သတ္တုတူး ဖော်ရန်မဟုတ်သေးဘဲ စမ်းသပ်တိုင်းတာရန် လျှောက်ထားချက်ကို ကန့်ကွက် လွှာခေါ်ခြင်းဖြစ်သည်။

အရေးကြီးသည့် လုပ်ငန်းတစ်ခုကို မှားယွင်းကြေညာလွှာခေါ်သည့်အပေါ်တွင်လည်း ဒေသခံများက ဝေဖန်ပြော ဆိုနေကြသည်။

ဒယ်လ်ကိုကုမ္ပဏီသည် ယခုစမ်း သပ်တိုင်းတာရန် လျှောက်ထားသည့်မြေ နေရာများကို ယခင်ကတည်းက ဒရုန်း ဖြင့်စမ်းသပ် တိုင်းတာခဲ့ဖူးပြီးဖြစ်ကြောင်း ဦးခင်စိုးက ပြောသည်။

ကျော်သူစိုး