ထားဝယ်ဆေးရုံကြီးဝင်းရှိ အောက်ဆီဂျင်အဆောက်အအုံ အလှူရှင်လိုအပ်

0
312

ထားဝယ်ဆေးရုံကြီးဝင်းအတွင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင် အဆောက်အအုံကို နေရာပြောင်းရွှေ့ပြီး အသစ်တည်ဆောက်နေသဖြင့် အလှူရှင်လိုအပ်နေကြောင်း အာယုဒါနပါရမီ မြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိအောက်ဆီဂျင် အဆောက်အအုံမှာ အသစ်တည်ဆောက်မည့် ဆေးရုံကြီးအဆောက်အအုံနှင့် မလွတ်ကင်းသည့်အတွက် ဖြိုဖျက်ကာ နေရာပြောင်းရွှေ့ကာ တည်ဆောက်ရခြင်း ဖြစ်သည်။ အဆောက်အအုံအသစ်ကို ဆေးရုံကြီး ဖျားနာဆောင်၏ အနောက်ဘက်တွင် ပြီးခဲ့သည့်အပတ်မှ စတင်တည်ဆောက်နေပြီး လက်ရှိတွင် သုံးပုံတစ်ပုံပြီးစီးနေ ပြီဖြစ်ကြောင်း ဦးအောင်မြင့်က ပြောသည်။

ကိုယ်ဝန်ဆောင် ထောက်ပံ့ကြေး အွန်လိုင်းမှ လျှောက်နိုင်

အဆောက်အအုံအသစ်အတွက် အလှူရှင်အချို့ရှိနေပြီးဖြစ်သော်လည်း ထပ်မံလိုအပ်နေဆဲဖြစ်ပြီး အာယုဒါန ပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ် အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတည်ဆောက်နေသည့် အဆောက်အအုံအသစ်မှာ အကျယ်အဝန်းအားဖြင့် ၂၀ ပေ၊ ၃၀ ပေရှိပြီး တစ်ထပ်ဖြစ်သည်။

ထားဝယ်ဒေသနှင့် အနီးဝန်းကျင်ရှိ အောက်ဆီဂျင် လိုအပ်နေသည့် လူနာများမှာ အထက်ပါအဖွဲ့က လှူဒါန်းသည့် အောက်ဆီဂျင်ကို အဓိကအားထားနေရသည်။

ကိုဇော်